ဗိုလ်မှူးကြီး စောဆန်းအောင်အားဖမ်းဝရမ်းထုတ်ထားခြင်းမသိရှိဟုဆို


ဗိုလ်မှူးကြီး စောဆန်းအောင်အားဖမ်းဝရမ်းထုတ်ထားခြင်းမသိရှိဟုဆို


ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်(DKBA)မှဗျူဟာမှူး ဗိုလ်မှူးကြီး
စောဆန်းအောင်ကို တပ်မတော်မှဖမ်းဝရမ်းထုတ်ထားခြင်းကို ဒီကေဘီအေအဖွဲ့
နှင့် ကာယကံရှင်ကိုယ်တိုင်သိရှိခြင်းမရှိသေးကြောင်းအောက်တိုဘာ ၆ ရက်၌ စံ
တော်ချိန်သို့ ဖွင့်ဟပြောကြားသည်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ် ကလိုင်ကနိုင်
ကျေးရွာအုပ်စု ကရင်တော အပေါ်ရွာအနီးတွင် စက်တင်ဘာ ၂၆ ရက်က တပ်မ
တော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောယာဉ်တန်းအားတိုက်ခိုက်ပြီး သေနတ်များ
သိမ်းဆည်းသွားကာ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့်ကျိုက်မရောမြို့မရဲစခန်းမှ 
အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းများထွက်ပေါ်နေသည်။

"ဒီလိုဖမ်းဝရမ်းထုတ်တယ်ဆိုတာ ကျွန်တော်လည်း ဘာမှမသိရဘူး။ ထုတ်ရင်
လည်း ထုတ်မှာပေါ့။ သူတို့က အာဏာရှိတဲ့သူတွေဆိုလေ။ သူတို့အာဏာရှိလို့ 
သူတို့ထုတ်တာ။ ငါတို့အာဏာရှိရင်လည်း ငါတို့ထုတ်လို့ရတယ်။ အချစ်နဲ့စစ်မှာ 
မတရားတာမရှိဘူး။ သူတို့ထုတ် သူတို့မှန်တာပဲ။ ငါတို့ထုတ် ငါတို့မှန်တာပဲ"ဟု 
ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောကြားသည်။

ထိုကဲ့သို့ ကာယကံရှင် ဗိုလ်မှူးကြီးစောဆန်းအောင်က မသိရှိသေးသော်လည်း
၎င်း၏ အဖွဲ့အစည်းဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်
(DKBA )သည်လည်း ထိုအကြောင်းအရာကိုသိရှိခြင်းမရှိသေးကြောင်းသိရသည်။
ထို့ကြောင့် ဖမ်းဝရမ်းထုတ်ထားသည့်ကျိုက်မရောမြို့မရဲစခန်းသို့ဆက်သွယ်ခဲ့ရာ
တာဝန်ကျရဲတပ် ဖွဲ့ဝင်တစ်ဦးက စခန်းမှူးနှင့် တာဝန်မှူးတို့ အစည်းအဝေးတက်
ရောက်နေသောကြောင့် ဖြေဆိုခွင့်မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

"ကျွန်တော်တို့ အစိုးရအဖွဲ့ကတော့ မလုပ်ဘူး။အရှေ့တောင်တိုင်းစစ်ဌာနချုပ်က
တော့ ထုတ်မထုတ်တော့ မသိဘူး။ တရားဝင်ထုတ်တယ်ဆိုရင်တော့ ကျွန်တော်
တို့အစိုးရအဖွဲ့ကို အကြောင်းကြားမှာပါ။အခုထိတော့အကြောင်းမကြားသေးဘူး။
အခုနယ်မြေ အခြေအနေကတော့ အေးချမ်းနေပါတယ်}ဟု မွန်ပြည်နယ် အစိုးရ
အဖွဲ့၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဌေးမြင့်အောင်ကစံတော်ချိန်
သို့ ပြောကြားခဲ့သည်။

"ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသာ
တပ်မတော်(DKBA ) နှင့် အစိုးရပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအတွက်
အောက်တိုဘာ ၃ ရက်က ဒီကေဘီအေမှ ဒုတိယစစ်ဦးစီးချုပ်ပါဝင်သည့်အဖွဲ့နှင့်
ကာကွယ်ရေးဝန်ကြီးဌာန(ကြည်း)စစ်ဆင်ရေးအထူးတပ်ဖွဲ့(၄)(ကစထမှူး)ဒုတိယ
ဗိုလ်ချုပ်ကြီးခင်ဇော်ဦးပါဝင်သည့်အဖွဲ့တို့သည်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၁၂)
၌တွေ့ဆုံဆွေးနွေးခဲ့စဉ် လက်နက်များပြန်လည်ပေးအပ်ရန် သဘောတူညီထား
ကြောင်းသိရသည်။
စံတော်ချိန်

0 comments:

Post a Comment