ဆိုင်ဘာ တိုက်ခိုက်ခံရမှု များကြောင့် အမေရိကန်နိုင်ငံ ဒေါ်လာ ဘီလီယံပေါင်း များစွာ နစ်နာဆုံးရှုံး


တရုတ် နိုင်ငံသည် အမေရိကန်ကို ဆိုင်ဘာ စစ်ဆင်ရေး အပြင်းအထန် ပြုလုပ်နေခြင်း အကျိုးဆက် အဖြစ် အမေရိကန် လုပ်ငန်း အများအပြားသည် ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဆုံးရှုံး နေရကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းကွန်မေက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ပြောကြားလိုက်သည်။

အမေရိကန် လုပ်ငန်းကြီးများ၏ လျှို့ဝှက်ချက်များကို အွန်လိုင်းမှ တစ်ဆင့် ခိုးယူရန် ကြိုးပမ်းသည့် နိုင်ငံများထဲတွင် တရုတ် နိုင်ငံသည် ထိပ်ဆုံးက ပါဝင်ကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲက စီဘီအက်စ် သတင်းဌာန၏ “မိနစ် ခြောက်ဆယ် ဆွေးနွေးခန်းတွင် ပြောကြား သွားသည်။ အမေရိကန်ရှိ အဓိက လုပ်ငန်းကြီး တိုင်းသည် ဆိုင်ဘာ တိုက်ခိုက်ခြင်းဒဏ်ကို ခံနေကြရကြောင်း မစ္စတာကွန်မေ က ဖြည့်စွက် ပြောကြားသွားသည်။

ဆိုင်ဘာ တိုက်ခိုက်ကာ သတင်း အချက်အလက်များ ခိုးယူခြင်းကြောင့် အမေရိကန် လုပ်ငန်းများ ငွေကြေး ဆုံးရှုံးရမှုကို အတိအကျ တွက်ချက်လို့ မရနိုင်သည့်တိုင် ဒေါ်လာ ဘီလီယံ ချီမည်ကား ကျိန်းသေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အမေရိကန် လုပ်ငန်း များကို မည်သည့် နိုင်ငံများက အများဆုံး ဆိုင်ဘာ တိုက်ခိုက် သနည်းဟု မေးမြန်းသည်တွင် ၎င်းက နိုင်ငံစာရင်း အပြည့်အစုံကို ထုတ်ပြောရန် မဖြစ်နိုင်သော်လည်း ထိပ်ဆုံးတွင် တရုတ်ရှိနေ သည်ကား ကျိန်းသေကြောင်း ပြောကြား သွားသည်ကိုလည်း တွေ့ရသည်။ 

Source: AFP

0 comments:

Post a Comment