ဘဝဆိုတာ ခရီးသွားတစ်ယောက်နဲ့တူပါတယ်


တစ်ခါတစ်လေ စိမ်းစိုအုံ့မှုံးပြီး ရင်ကိုအေးမြသော သစ်တော အုပ်လေးနှင့် ကန်ရေပြင်လေး တွေကို တွေ့မြင်နိုင်သလို တစ်ခါတစ်လေ မှာလည်း လမ်းသွားလို့ မရလောက်အောင် ခက်ခဲ နက်နဲတဲ့ တောအုပ်လေးတွေကိုလည်း တွေ့မြင်နိုင်ရပါတယ်။

ဘယ်နေရာမှာမှ အချိန်အကြာကြီး နေရမှာ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့ဟာ ခရီးသွားတွေမိုလို့ပါ။ ရှေ့သို့မိုင်ထောင်ချီအောင် ခရီးတွေ သွားရပါအုံးမယ်။

တစ်ခါတစ်လေ ပျော်စရာတွေရှိတဲ့ နေရာမှာအမြဲ နေခွင့်မရသလို ပြဿနာတွေနဲ့ ရှုပ်ထွေး
နေတဲ့ နေရာမှာလည်း အကြာကြီး မနေရပါဘူး။ တစ်နေ့ပြီး တစ်နေ့ ကျွန်တော် တို့တွေ ခရီးသွားနေရပါတယ်။ လမ်းခရီး တစ်လျောက်မှာ တွေ့ခဲ့ရတဲ့ အရာတွေကို သင်ခန်း စာယူပါ။ ရှေ့ဆက်ရမယ့် အနာဂတ် နေ့ရက်တွေမှာ ပျော်ရွှင်နိုင်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)

0 comments:

Post a Comment