မက္ကဆီကိုတွင် လွှတ်တော် အမတ်ကို သတ်ဖြတ်မှုဖြင့် လူ (၄) ဦးကို ဖမ်းဆီး


အာဏာရ ပါတီ PRI မှ လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဂါဘရီယယ် ဂိုမက်ဇ် မစ်ချယ်အား မကြာမီက သတ်ဖြတ် ခဲ့မှုဖြင့် လူလေးဦးအား မက္ကဆီကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း သိရသည်။

အဆိုပါ သံသယ တရားခံ လေးဦးကို နိုင်ငံ အနောက်ပိုင်း ဂျာလစ်စကို ပြည်နယ်တွင် ဖမ်းဆီး ခဲ့ကြောင်းသာ ရဲက ထုတ်ပြန်ပြီး အသေးစိတ် အချက်များ ထုတ်ပြန်ခြင်း မရှိပေ။ မစ္စတာ ဂိုမက်ဇ် (၄၉) နှစ်နှင့် ၎င်း၏ ဒရိုင်ဘာ ဖြစ်သူတို့မှာ ပြီးခဲ့သည့် စက်တင်ဘာ (၂၂) တွင် ဂျာလစ်စကို လေဆိပ်သို့ သွားရာ လမ်းတွင် နေ့လည်ပိုင်း အချိန်၌ပင် ပြန်ပေးဆွဲ ခံခဲ့ရခြင်း ဖြစ်သည်။ နောက်တစ်ရက်တွင် မစ္စတာ ဂိုမက်နှင့် ၎င်း၏ ဒရိုင်ဘာတို့၏ အလောင်းကို ကပ်လျက် ပြည်နယ် ဇာကတ်တီ ကတ်စ်တွင် မီးလောင် နေသော ကားထဲ၌ ပြန်တွေ့ ခဲ့ရခြင်း ဖြစ်သည်။

အာဏာပိုင်များက ထို သတ်ဖြတ် ခံရမှု နောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက် များဖြင့် လုပ်ဆောင်သည်ကို မသိရကြောင်း ဆိုသည်။ သို့သော် ဂိုမက်ဇ်၏ ပါတီမှ နိုင်ငံရေး သမားများ က သတ်ဖြတ်မှု နောက်ကွယ်တွင် သံသယ ဖြစ်ဖွယ် ရာဇ၀တ်ဂိုဏ်း တစ်ခုရှိ နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ မစ္စတာ ဂိုမက်ဇ်သည် ဂျာလစ်စကို ပြည်နယ် တွင်းရှိ အယ်လ်ဂရူလီယို မြို့ တော်ဝန် အဖြစ် ၂၀၁၀ -၁၂ ကာလတွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးသည်။ ဂျာလစ်စကို ပြည်နယ်မှာ ဂျာလစ်စကို နျူဗာ မျိုးဆက်ဟု ခေါ်သည့် မူးယစ် မှောင်ခိုဂိုဏ်း၏ အခြေစိုက် ဒေသလည်း ဖြစ်သည်။

Source: BBC

0 comments:

Post a Comment