အိုစမာဘင်လာဒင်အား ပစ်ခတ်စဉ်က ၀တ်ဆင်ခဲ့သည့် US Navy SEAL တပ်ဖွဲ့ဝင်၏ အင်္ကျီအား ၉/၁၁ အမှတ်တရပြတိုက်တွင် ပြသ

၂၀၁၁ ခုနှစ်အတွင်းက ပါကစ္စတန်နိုင်ငံ၊ အဘာ့တာ ဘတ်အရပ်ရှိ အိမ်တစ်လုံးသို့ US Navy SEAL တပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီး အယ်လ်ခိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား ပစ်ခတ်ခဲ့သည့် တပ်ဖွဲ့ဝင်၏ အင်္ကျီအား ၉/၁၁ အမှတ်တရပြတိုက်တွင် ပြသလိုက်ကြောင်း သိရသည်။



အဆိုပါ Navy SEAL တပ်ဖွဲ့ဝင်သည် အိုစမာဘင်လာဒင်အား သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့စဉ်က ယင်းအင်္ကျီကို ၀တ်ဆင်ထားခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအတွက် ၎င်း၏ အမည်အား ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသကဲ့သို့ ယခုပြသထား သည့် အင်္ကျီတွင်လည်း အမည်အား ရေးသားထားခြင်းမရှိပေ။

အဆိုပါအင်္ကျီအား ပြတိုက်တွင် ထားရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူ လွှတ်တော်အမတ် ကာရိုလင်းမာရိုနေက “အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲတွေ အတွက် အသက်တွေကို ရင်းနှီးမြှုပ်နှံထားတဲ့ အမျိုးသား၊အမျိုးသမီးတွေရဲ့ သတ္တိတွေကို ဂုဏ်ပြုပြီး ၉/၁၁ တိုက်ခိုက်ခံရမှုကို အမှတ်တရ ရှိစေဖို့အ တွက် Seal Team Six တပ်ဖွဲ့ဝင်က သူ့အင်္ကျီကို ပြတိုက်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Ref:India Today

0 comments:

Post a Comment