ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုမှာ စက်တင်ဘာ ၈ရက်တွင် တစ် လပြည့်ပြီဖြစ်သော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိသေး


ရန်ကုန်၊

ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူမှုမှာ စက်တင် ဘာ ၈ ရက်တွင်တစ်လပြည့်ပြီ ဖြစ် သော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

ခေါင်းလောင်းရှာဖွေမှု အတွက် ဦးစံလင်းတို့အဖွဲ့မှ သြဂုတ်လ ၈ ရက်တွင် ဗညားလတ်သုံးထပ်သင်္ဘော နှင့်ပရိတ်ရွတ်ခြင်းများပြုလုပ်၍ ရန် ကုန်ဆိပ်ကမ်းမှ ယခုခေါင်းလောင်း တူးဖော်ရာနေရာသို့ စတင်ထွက်ခွာ ခဲ့ပြီး သြဂုတ်လ ၉ရက်တွင် ရေထဲ သို့ စဆင်းကာ ယခုစက်တင်ဘာလ ၈ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

''ဘာမှထူးခြားတာတော့ မရှိ သေးပါဘူး။ အခုလက်ရှိသူတို့အား လုံး ကျန်းကျန်းမာမာနဲ့ တူးဖော်မှု ကို ဆက်လက် လုပ်ဆောင်နေတယ်။ အင်တာနက်မှာ ကရိန်းကြိုးနဲ့ ခေါင်း လောင်း
သယ်တယ်ဆိုတာကလဲ ကော လာဟလတွေပါ''ဟု ပြန်ကြားရေး အဖွဲ့မှ ဦးကြည်ဝင်းက ပြောသည်။

ဦးစံလင်းမှာ ခေါင်းလောင်းတွေ့ ရှိပြီဖြစ်ပြီး နှစ်ပတ်အတွင်း ကုန်းပေါ် အရောက်တင်မည်ဟု ဇူလိုင် ၂၅ ရက် တွင်ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားထားပြီး သြဂုတ် ၂၆ရက်တွင်လည်း ပြန်ကြားရေးအဖွဲ့ မှ ခေါင်းလောင်းတွေ့ရှိပြီဟု သတင်း ထုတ်ပြန်ခဲ့သည်။ 

သို့သော် ခေါင်းလောင်းတည်ရှိ ရာနေရာနှင့် မည်သို့မည်ပုံ ဆယ်ယူ မည်ဆိုသည်ကို အတိအလင်း သတင်း ထုတ်ပြန်ခြင်းများ လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

''ယုံတဲ့သူလဲ ရှိသလို မယုံတဲ့ သူလဲရှိတယ်။ သူတို့အနေနဲ့လဲ မတွေ့ ဘဲနဲ့တော့ သိန်းထောင်ချီအကုန်ခံ တူးမှာမဟုတ်ဘူး။ အဲတော့ စောင့် ကြည့်ရမှာပဲ။ ဘယ်သူမှ အတိအကျ ပြောနိုင်တာမဟုတ်ဘူး'' ဟု ခေါင်း လောင်းဆယ်ယူရာနေရာသို့ လာ ရောက်ကြည့်ရှုသူ ဦးခင်စိုးက ပြော သည်။

ခေါင်းလောင်းတူးဖော်ရာ နေရာ အနီးတစ်ဝိုက်တွင် သာသနာ့အလံ လွှင့်ထူထားသော ရေယာဉ်ငယ်တစ်စီး မှလည်း အနီးတစ်ဝိုက်သို့ လှည့်လည် သွားလာနေကြောင်း သိရသည်။

သောင်တူးခြင်းလုပ်ငန်းကို ရေ ကျချိန်တွင်ပြုလုပ်ကာ သံမဏိကြိုး နှစ်ကြိုးကိုရေထဲသို့ ချထားကြောင်း လည်း သမ္ဗန်သမား ကိုထွန်းအောင် ကပြောသည်။

''ရေကျချိန်ဆိုရင် သောင်တူး ပြီး ရေငုပ်တာတွေလုပ်တာ တွေ့ တယ်။ သံမဏိကြိုးတွေကိုလဲ ရေ ထဲကို လျှော့ပြီးချထားတာ တွေ့ရ တယ်။ ရေငုပ်ချိန်ဆိုရင်တော့ သမ္ဗန် လေးထွက်လာတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းအပြင် ယခုရက်ပိုင်းအ တွင်းကလည်း ခေါင်းလောင်းကြီး ဆယ်ယူရရှိနေပြီဆိုပြီး ရိုက်ကူးထား သည့်ဓာတ်ပုံများလည်း ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိနေ ကြောင်းလည်း သိရသည်။

''ဒီပုံတွေကဖိုတိုရှော့လား၊ အ မှန်လားတော့မသိဘူး။ ခေါင်းလောင်း ပုံနဲ့တော့တူတယ်။ အမှန်တကယ် ဆိုရင်တော့ သတင်းထုတ်ပြန်မှာပေါ့။ အဝေးက ရိုက်ထားတာဆိုပေမယ့် အနီးကပ်ဆိုရင် ခေါင်းလောင်းပုံက အတော်ကြီးတဲ့ပုံပဲ။ အမှန်ဆိုရင် တော့ အနီးကပ်ကြည့်ချင်တယ်'' ဟု ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ကိုသက်နိုင်က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ခေါင်း လောင်းဆယ်ယူရေး ပြန်ကြားရေးအ ဖွဲ့မှတာဝန်ရှိသူ ဦးကြည်ဝင်းက ''ဒီဓာတ်ပုံက အမှန်မဟုတ်ပါဘူး။ အဲ ဒီလောက်လဲ မလွယ်ကူပါဘူး။ အမှန် တကယ်ဆယ်ယူရရှိပြီဆိုရင် သတင်း ထုတ်ပြန်ပေးမှာပါ'' ဟု ပြောသည်။

ခေါင်းလောင်းတူးဖော်မှုလုပ်ငန်း ကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အေးရှားပွိုင့်ဘိုးလိန်းဝင်းအတွင်း လာရောက်ကြည့်ရှုသူ သိသာစွာ လျော့ကျသွားကြောင်းလည်း သိရ သည်။

လက်ရှိတွင် ခေါင်းလောင်းကို ကြိုးသိုင်းမှုလုပ်ငန်းများ လုပ်ကိုင် လျက်ရှိနေပြီး တူးဖော်ရရှိပါက ရွှေတိဂုံစေတီတော်တွင် ပြန်လည် တင်လှူမည်ဟုလည်း ခေါင်းလောင်း ဆယ်ယူရေးပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဓမ္မစေတီခေါင်း လောင်းဆယ်ယူမှုလုပ်ငန်းများကို ပြီးခဲ့သည့် သြဂုတ် ၈ရက်နေ့က စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယင်း ခေါင်းလောင်းကြီး ဆယ်ယူရန်အ တွက် ရေငုပ်သမားဆယ်ဦး အပါ အဝင်အဖွဲ့ဝင် ၈ဝဖြင့် လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်။

MTZ
Democracytoday

0 comments:

Post a Comment