ဘီလ်ဘာအိုနှင့် ပွဲစဉ်တွင် မက်ဆီ ဂိုးလေးရာ ပြည့်မြောက်ဖွယ်ရှိ

ကမ္ဘာကျော်ဘောလုံးသမားမက်ဆီသည် လာမည့်စနေနေ့တွင် ဘီလ် ဘာအိုနှင့်ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ ကစားသမားဘ၀ တစ်လျှောက်ဂိုးလေးရာပြည့်မြောက် သွားဖွယ်ရှိနေသည်။



အသက် ၂၇ နှစ်အရွယ်ရှိမက်ဆီသည် ယခုအချိန်တွင် ဂိုးပေါင်း ၃၉၈ဂိုးသွင်း ယူခဲ့ပြီး ဖြစ်သည်။ စပိန်နေ့စဉ်ထုတ် သတင်းစာ Mundo Deportivo ကမက်ဆီ သည် ဘီလ်ဘာအိုနှင့်ပွဲစဉ်တွင် အားကစားလောက၏ပါရမီရှင်တစ်ဦးဖြစ်လာနိုင်ကြောင်း ချီးကျူးရေးသားထားသည်။

မက်ဆီသည် ဘာစီလိုနာအသင်းအတွက် ၃၅၆ ဂိုးသွင်းယူထားပြီးအာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၄၂ ဂိုးသွင်းယူပေထား သည်။

အာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလားတွင် ဒုတိယဆုရရှိစေ ရန်စွမ်းဆောင်ပေး ခဲ့သည့်မက်ဆီသည် ပြိုင်ပွဲ၏အကောင်း ဆုံးကစားမားဆု ကိုအငြင်းပွားဖွယ် ရရှိခဲ့သူလည်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ဗီလာရီးယဲလ်အသင်းကို အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မက်ဆီသည်ပေါင်ခြံဒဏ်ရာအနည်းငယ်ရရှိခဲ့သည့်တွက်ဂျာမနီ၂-၄အာဂျင်တီးနားချစ် ကြည်ရေးခြေစမ်းပွဲစဉ်ကိုလွဲချော်ခဲ့ရသည်။ သို့သော် လာမည့်ဘီလ်ဘာအိုနှင့် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည် ဖြစ်သည်။

ယခုရာသီအတွက်လိဂ်ပြိုင်ပွဲဂိုးကို အယ်လ်ချီနှင့်ပွဲစဉ်တွင် သွင်းယူခဲ့ပြီးဖြစ်သည်။မက်ဆီသည် ဘာစီလိုနာအသင်းအတွက် လာလီဂါပွဲစဉ် ၂၄၀ ကစားခဲ့ရာတွင် ၂၄၅ဂိုးသွင်းယူထားနိုင်ပြီး လာလီဂါသမိုင်းတစ်လျှောက်စတုတ္ထဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။

ပြီးခဲ့သည့်နှစ်က စီရော်နယ်ဒိုမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုရရှိခဲ့သည့်အတွက် မက်ဆီမှာ မှေးမှိန်နေခဲ့ရသည်။ သို့သော်အသစ်ထွက်ရှိလာသည့် ဖီဖာ ၁၅ ဂိမ်းအသစ်တွင်မက်ဆီ၏စွမ်းရည်စုစုပေါင်းတန်ဖိုးမှာ ၁၀၀ တွင် ၉၂ အထိရှိပြီးအမြင့်ဆုံးအဖြစ်သတ် မှတ်ခံ ထားရသည်။

မက်ဆီ၏သွင်းဂိုးများ

ဘာစီလိုနာ ပွဲ ဂိုး

လာလီဂါ ၂၄၀ ၂၄၅

ပြည်တွင်းဖလားပွဲများ - ၃၉

ချန်ပီယံလိဂ် ၈၆ ၆၇

ဖီဖာကမ္ဘာ့ကလပ် ၄ ၎

UEFA စူပါဖလား ၃ ၁

အာဂျင်တီးနား ၉၃ ၄၂

ရည်ညွှန်း ဒေးလီးမေးလ်

0 comments:

Post a Comment