စစ်ဖြစ်နေတဲ့ Mariupol မြို့ကို ယူကရိန်းသမ္မတ သွားရောက်လေ့လာ

ယူကရိန်း ​သမ္မတ ​ပက်ထရို ​ပိုရိုရှန်ကို ​ဟာ ​စစ်ဖြစ်ပွားနေတဲ့ ​ယူကရိန်းအရှေ့ဘက်ပိုင်းက ​Mariupol ​မြို့ကို ​သွားရောက်လေ့လာခဲ့ပါတယ်။ ​Mariupol ​မြို့မှာ ​ယူကရိန်းပိုင်ဖြစ်တဲ့အတွက် ​ဘယ်သူ့ရဲ့ ​လက်ထဲကိုမှ ​ထည့်မပေးနိုင်ဘူးလို့လည်း ​ယူကရိန်း ​သမ္မတက ​ပြောပါတယ်။

ဥရောပသမဂ္ဂက ​ရုရှားအပေါ် ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​ထပ်မံ ​ချမှတ်ပြီးနောက်မှာပဲ ​သွားရောက်လေ့လာမှု ​လုပ်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအရေးမှာ ​ရုရှား ​ဝင်ရောက်ပတ်သက်နေတဲ့အပေါ် ​တုန့်ပြန်တဲ့အနေနဲ့ ​ဥရောပ ​သမဂ္ဂက ​ရုရှားအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​ထပ်မံ ​ချမှတ်လိုက်တာပါ။

ဒီတချီ ​ဒဏ်ခတ်ပိတ်ဆို့မှုကတော့ ​ရုရှားရဲ့ ​ရေနံကဏ္ဍကို ​ပစ်မှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဖြစ်ပါတယ်။

ရုရှားရဲ့ ​ရေနံလုပ်ငန်းဟာ ​အနောက်တိုင်းနိုင်ငံတွေရဲ့ ​စက်မှုအပေါ် ​မှီခိုနေရတဲ့အတွက် ​ထိရောက်တဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​ဖြစ်နိုင်တယ်လို့ ​ယူဆနေကြတာ ​ဖြစ်ပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှု ​အသစ်ကို ​လာမယ့် ​ရက်အနည်းငယ်အတွင်း ​ကျင့်သုံးသွားမယ်လို့ ​ဥရောပသမဂ္ဂ ​ဥက္ကဌက ​ပြောပါတယ်။

တချို့အဖွဲ့ဝင်နိုင်ငံက ​ယူကရိန်းနိုင်ငံမှာ ​အပစ်အခတ် ​ရပ်စဲရေးလုပ်ဆောင်ရင် ​ဒီဒဏ်ခတ်ပိတ်ဆို့မှုကို ​ဘယ်လို ​ရပ်တန့်သွားမလဲ ​ဆိုတဲ့ ​ကိစ္စကို ​ဆွေးနွေးခဲ့ကြတဲ့အတွက် ​ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ​မျှော်လင့်ထားတာထက် ​နောက်ကြပြီးမှ ​ထွက်ပေါ်လာတာ ​ဖြစ်ပါတယ်။

ABC Radio Australia


Mariupol မြို့ကို လည်ပတ်ခဲ့တဲ့ ယူကရိန်း သမ္မတက သံမဏိစက်ရုံက လုပ်သားတွေနဲ့လည်း တွေ့ဆုံခဲ့ (Credit: Reuters) 

0 comments:

Post a Comment