ရိုဟင်ဂျာ ဆိုသူများနှင့် KIA/KIOမှ ဗိုလ်မှူးကြီး ဂျိမ်းစ်တွေ့ဆုံ


၂၀၁၄ ခု မတ်လ ၂ ရက်နေ့မှာ RSO တာဝန်ခံ ၊ ဘင်္ဂါဘီများနှင့် KIA/KIO မှ ဗိုလ်မှူးကြီး ဂျိမ်းစ် ၊ 
BRAT မှ ဦးမောင်ကျော်နု ၊ Abdul Mah Boud ၊ Younus Grameya ၊ Abdu Slam ၊ 
Nassir Ahamed ၊ Anwar Arkani ၊ Koir Khan ၊ Mamuda ၊ Deen Mohamed (ဧည့်သည် ) တို့ တွေ့ဆုံခဲ့ကြပါသည် ။

ထိုတွေ့ဆုံပွဲတွင် ရိုဟင်ဂျာ ဆိုသူများမှ ကချင်ပြည်နယ်တွင် ရိုဟင်ဂျာ
တပ်မတော်အဖြစ် တည်ထောင်ရန် ၊ တပ်နေရာ အခိုင်အမာ ပေးရန် နှင့်
၎င်းတို့သည်လည်းတိုင်းရင်းသားများ ဖြစ်သဖြင့် တိုင်းရင်းသားအခွင့်အရေး ရရှိရန်
တိုက်ပွဲဝင်လိုကြောင်း ၊ KIA/KIO အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး
မြန်မာ့ အစိုးရအား တိုက်ခိုက်လိုကြောင်းများ ပြောဆိုဆွေးနွေးခဲ့ကြပါသည် ။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးအတွက်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲများ အပြီးတွင်
၉၀ ရာခိုင်နှုန်း သဘောတူညီမှုများ ရှိနေသော်လည်း ၊
ယခုအခါ ရိုဟင်ဂျာ ဆိုသူများနှင့်လက်ခံတွေ့ဆုံ ဆွေးနွေးမှုများရှိနေခဲ့ကြပါတယ် ။
သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
လုပ်ငန်းကော်မတီ(UWPC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့နှင့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ် (မူကြမ်း) အတွက်ဆွေးနွေးပွဲကိုမေ့လျော့နေပြီဟု သုံးသပ်ရပါတယ် ။

ငြိမ်းချမ်းရေး နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ကို မလိုလားသော အပြုအမှုများ ရှိနေပြီလားဟု မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ် ။ ထိုကဲ့သို့ ရိုဟင်ဂျာ ဆိုသူများ၏
ကမ်းလှမ်းမှုများကိုသဘောတူ ကြည်ဖြူစွာဖြင့် လိုက်လျောမည်ဆိုပါက
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ကြိမ်ဖန်များစွာ တက်ရောက်နေသော KIA
ဒုတိယ စစ်ဦးစီးချုပ်ဂွမ်မော် မသိကျိုးကျွန်ပြုနေသည်လားဆိုတာ 
စဉ်းစားရခက်ပါတယ် ။ ကချင်ပြည်နယ် အတွင်းမှာ ၂ နှစ်ကျော် ပြည်တွင်းစစ်များကြောင့် ဒုက္ခရောက်နေသော မိမိ တိုင်းရင်းသားများအပေါ် ငဲ့ညာမှုသည်
တိုင်းတပါးသား ဘင်္ဂလီတို့အား မိမိတို့နယ်မြေခွဲဝေပေးပြီး နောက်ဆုံးချိန်တွင်
တစ်နိုင်ငံလုံးအား အုပ်စိုးသွားစေရန် ရည်ရွယ်ကြံစောင်နေသကဲ့ သို့ဖြစ်နေပါသည် ။

အလားတူ ရိုဟင်ဂျာ ဆိုသည့် အမည်နာမသည် မြန်မာနိုင်ငံတွင် ဘယ်သော အခါမှ
တိုင်းရင်းသား စာရင်း သွင်းထားခြင်း မရှိခဲ့တာကို
• နဂါးမင်း(၀ါ) ကုလားပြေး စစ်ဆင်ရေး (၁၉၇၈ – ခု မေလ(၅)ရက်နေ့မှ ဇွန်လ (၅)ရက်)နှင့်
• ဟင်္သာစီမံချက် ( ၁၉၇၈ ခု သြဂုတ်လ (၃၁) ရက်နေ့မှစ၍ ၁၉၈၀ ပြည့်နှစ် ဇန်န၀ါရီလ (၅)ရက် တို့က သက်သေခံထားပါသည် ။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ တိုင်းရင်းသားဟူ၍
မရှိခဲ့တာကို သိလျှက် KIA/KIO တို့ တိုင်းရင်းသား အရာသွင်း လက်ခံဆွေးနွေးခြင်းဟာ 
ထာဝရ ငြိမ်းချမ်းရေးနှင့် တိုင်းပြည် တိုးတက်ရေးကို များစွာ အနှောင့်အယှက်များ ပြုလုပ်လိုကြောင်း ပေါ်လွင်နေပါတယ် ။
မိမိဒေသအတွင်းရှိ မိမိအဖွဲ့အစည်းရဲ့လုပ်ပိုင်ခွင့်ရရှိရေးနှင့်
မိမိတို့အဖွဲ့အစည်း ရေရှည်ရပ်တည်ရေးကို ဦးစားပေးလျှက်ရှိပါသည် ။

စစ်မှန်သော ငြိမ်းချမ်းရေးဆိုတာ အဖွဲ့အစည်း တစ်ခုတည်းအပေါ် မူတည်ခြင်း မဟုတ်ပဲ မိမိတို့၏ တစ်မျိုးသားလုံးအပေါ် မူတည်နေသည်ဆိုတာကို KIA/KIO ခေါင်းဆောင်များ သတိမမူ ဂူမမြင်လျှက် ရှိနေတာကို ဆင်ခြင်စေလိုကြောင်း အကြံပြု ရေးသားလိုက်ပါတယ် 
Video Link
https://www.youtube.com/watch?v=1k68QDebvRE

0 comments:

Post a Comment