ရုရှား သမ္မတ ပူတင်ကို အတ္တကြီးသူဟု ဒလိုင်းလားမား ဝေဖန်


တိဘက်ဒေသ၏ ပြည်ပရောက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက လက်ရှိ ရုရှ သမ္မတ ပူတင်မှာ အတ္တကြီးသူ ဖြစ်သည်ဟု စက်တင် ဘာ ၇ ရက်က ဂျာမန် သတင်းစာ တစ်စောင်၏ အင်တာဗျူးတစ်ခုတွင် ဝေဖန်ခဲ့ပြီး ပူတင်သည် ဘာလင်တံတိုင်းကို ပြန်တည်ဆောက်လိုပုံ ရသည် ဟု ထင်ရကြောင်း ပြောကြားလိုက်သည်ဟု စက်တင်ဘာ ၈ရက်က အေအက်ဖ်ပီ သတင်တစ်ရပ်တွင် ဖော်ပြထားသည်။


“သူရဲ့ ရပ်တည်ချက် ပုံစံက ငါမှငါ ဆိုတာပါပဲ ” ဟု တစ်ကျော့ပြန် သမ္မတ တာဝန်ထမ်းဆောင်နေသော ပူတင်ကို ဘုန်းတော်ကြီး ဒလိုင်း လားမားက ထောက်ပြခဲ့သည်။

“ဒါဟာ နည်းနည်းတော့ တရားလွန်ပါတယ်။ ဒါအတ္တဆန် တာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဖြစ်သူက ၁၉၅၀ ပြည့်နှစ်က တိဘက်ကို ကျူးကျော် ပြီးနောက်ပိုင်း တိဘက် ဒေသကို အုပ်ချုပ်ခဲ့သော တရုတ်နိုင် ငံထက် အနောက်အုပ်စုနှင့် အဆိုးရွားဆုံး အကျပ်အတည်းများ ရှိနေသော ရုရှနိုင်ငံကို ပိုမိုဝေဖန်သွားခဲ့သည်။

“တရုတ်နဲ့ ရုရှ တို့မှာက မတူညီတဲ့ ကိစ္စရပ်တွေ ရှိပါတယ်” ဟုလည်း ဒလိုင်းလားမားက ပြောကြားခဲ့သည်။ ထို့ပြင် ဒီမိုကရေစီ နိုင်ငံ တစ်နိုင် ငံ ဖြစ်လာရန်အတွက် မျက်မှောက်ခေတ် ကမ္ဘာက တရုတ်နိုင်ငံကို ထောက်ပံ့ပေးမည်ဟု မျှော်လင့်ကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
by mizzima

0 comments:

Post a Comment