ကနေဒါ စစ်သင်္ဘောအနီး ရုရှားလေယာဉ် လှည့်ပတ်ပျံသန်းမှုကို ကနေဒါ ကာကွယ်ရေးဝန်ကြီး ကန့်ကွက်......


NATO မဟာမိတ် တပ်ဖွဲ့အတွက် ပူးပေါင်း တာဝန်ထမ်းဆောင်နေသည့် ကနေဒါ ဖရီးဂိတ် စစ်သင်္ဘော တစ်စီးကို ရုရှားစစ်ဘက် လေယာဉ် တစ်စီးက လှည့်ပတ် ပျံသန်းခဲ့မှုကို ကနေဒါ စစ်ဘက်က ကန့်ကွက်ကြောင်း ကြေညာခဲ့သည်။

ရုရှားလေယာဉ်သည် ကနေဒါ စစ်သင်္ဘောကို ရန်လိုခြိမ်းခြောက်သည့် အခြေအနေမျိုး မရှိခဲ့သည့်တိုင် အဆိုပါ လုပ်ရပ်မျိုးသည် မလိုအပ်သည့် ရန်စမှုတစ်ခုဟု ကနေဒါ ကာကွယ်ရေးဝန်ကြီး ရော့ဘ် နစ်ကိုးလ်ဆင်က ဆိုသည်။ “လေယာဉ်က ခြိမ်းခြောက်တဲ့ အပြုအမူမျိုးတော့ မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီလုပ်ရပ်မျိုးက အဓိပ္ပါယ်မဲ့ ရန်စမှု တစ်ခုပါ။ ဒီဖြစ်ရပ်ကနေ တင်းမာမှုတွေ ဆင့်ပွား ဖြစ်ပေါ်လာနိုင်တယ်”ဟု နစ်ကိုးလ်ဆင်က ဝေဖန်ခဲ့သည်။

HMCS Toronto သင်္ဘောသည် ဇူလိုင်လကုန်ကတည်းက ကနေဒါနိုင်ငံ၏ အတ္တလန္တစ် ကမ်းခြေမှ ခုတ်မောင်း ထွက်ခွာလာပြီး ပင်လယ်နက် ဒေသအတွင်း NATO တပ်ဖွဲ့၏ စစ်ဆင်ရေး အစီအစဉ် တစ်ရပ်တွင် ပူးပေါင်းခဲ့သည်။ သင်္ဘောပေါ်တွင် အမှုထမ်း (၂၅၀)နှင့် Sea King အမျိုးအစား ရဟတ်ယာဉ်များ တင်ဆောင်လာသည်။

ပင်လယ်နက်ထဲတွင် ကနေဒါ စစ်သင်္ဘောကို ရုရှားလေယာဉ် တစ်စီးက ချဉ်းကပ် လှည့်ပတ် ပျံသန်းခဲ့မှုအတွက် ရှုတ်ချကြောင်း အသိပေးမှုကို ကနေဒါနှင့် NAGTO တို့က ရုရှားထံ ပေးပို့ထားကြောင်းလည်း နစ်ကိုးလ်ဆင်က ပြောကြားသွားသည်။

7DayNews

0 comments:

Post a Comment