အမေရိကန်ဂျာနယ်လစ်နှစ်ဦးကို သတ်ဖြတ်ခဲ့သည့် IS အဖွဲ့ဝင် ဗြိတိန်နိုင်ငံသား၏ နောက်ကြောင်းကို အမ်အိုင်-၅ ထောက်လှမ်းရေးအဖွဲ့က ခြေရာခံမိ

အမေရိကန်ဂျာနယ်လစ်နှစ်ဦးဖြစ်သည့် ဂျိမ်းစ်ဖိုလေနှင့် စတီဗင်ဆော့လော့ဖ်ကို ခေါင်းဖြတ်သတ်ဖြတ် ခဲ့ သည့် အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့ဝင်မှာ ဗြိတိန်နိုင်ငံ သား ဂျီဟာဒီဂျွန်ဆိုသူဖြစ်ကြောင်း အမ် အိုင်-၅ ထောက်လှမ်းရေးအဖွဲ့က ရာနှုန်းပြည့်နီးပါး ယုံကြည်ထားကြောင်း ထုတ်ပြန်ထားသည်။



ဂျီဟာဒီဂျွန်သည် IS အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်း၊ သွားရောက်ပူးပေါင်းခြင်းတို့ မလုပ်ဆောင်မီ က အာရပ်လူမှုရေးအဖွဲ့အစည်း များအတွက် ငွေကြေးစုဆောင်းပေး ခဲ့သည်။

ဂျီဟာဒီဂျွန် အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာမသွားမီနှင့် အမေရိကန်ဂျာနယ်လစ်နှစ်ဦး အား ခေါင်းဖြတ်မသတ်မီက အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် များက ၎င်းအား စောင့်ကြည့်ခဲ့ကြ သည်။

ဂျီဟာဒီသည် လန်ဒန်အခြေစိုက် အာရပ်အကူအညီပေးရေးအဖွဲ့အစည်းများအတွက် ငွေကြေးစု ဆောင်းသူအဖြစ် ဆောင်ရွက်ခဲ့ကြောင်း အမ်အိုင်-၅ ထောက် လှမ်းရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော် ဂျာနယ်နှစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုအတွင်း ပါလာသည့်စကားသံသည် ခေါင်း ဖြတ်သူ၏ အသံဟုတ်၊မဟုတ်ကို သံသယဖြစ်မှုအချို့လည်း ရှိနေသေးသည်။ ထို့ပြင် ဆော့တ်လော့က အသတ်မခံရမီ အမေရိကန်အစိုးရသို့ ပြောကြားခဲ့သည့် စကားကဲ့သို့ ဗီဒီယိုတွင်းမှ အစိတ်အပိုင်းအချို့ သည် ဖန်တီးထားမှုများလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ဂျီဟာဒီဂျွန်သည် အီရတ်နှင့်ဆီးရီးယားစစ်မြေပြင်သို့ ရောက်ရှိနေသည့် ဗြိတိန် အစိုးရက အလိုရှိနေသူ ရာပေါင်းများစွာအနက်မှ တစ်ဦးဖြစ် သည်။
ဂျီဟာဒီဂျွန်နှင့်ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်ရန် ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် အက်ဖ်ဘီအိုင်အရာရှိများထံ ၎င်း၏အချက်အလက်များအား အမ် အိုင်-၅ က လွှဲပြောင်းပေးထား ကြောင်း သိရသည်။


ဂျိမ်းစ်ဖိုလေ






Ref:The Mirror

0 comments:

Post a Comment