တစ်ကမ္ဘာလုံး အင်တာနက်အသုံးပြုနိုင်ရန် ဖေ့ဘွတ်ကုမ္ပဏီက ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲမည်

ကမ္ဘာပေါ်မှ လူအားလုံး အသုံးပြုနိုင်ရန် Facebook Inc(FB.O) က ဒေါ်လာဘီလျံနှင့်ချီ သုံးစွဲ သွားမည်ဟု ဖေ့စ်ဘွတ်၏ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇက်ကာဘာ က ပြောကြားသည်။



“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ကမ္ဘာပေါ်က လူတွေ တစ်ဦးနဲ့ ချိတ်ဆက်နိုင်ဖို့ပါပဲ။ ဒီလိုအခြေ အနေဖြစ်လာဖို့ ဖေ့စ်ဘွတ်အနေနဲ့ လာမယ့်ဆယ်စုနှစ် အတွင်းမှာ ဒေါ်လာ ဘီလျံနဲ့ချီသုံးစွဲ လိုက်ရင် ရေရှည်မှာ ကျွန်တော်တို့အတွက်ရော ကမ္ဘာကြီးအတွက်ပါ ကောင်းသွားမှာပါ” ဟု ဇက်ကာဘာက ပြောကြားသည်။

၂၀၁၄ ခုနှစ်တွင် ကမ္ဘာပေါ်၌ အင်တာနက်အသုံးပြုသူ ၃ ဘီလျံအထိ ရှိလာနိုင်ကြောင်း International Telecommunications Union (ITU) က ထုတ်ပြန်ထား သည်။ ၎င်းတို့အနက် ၁ ဒသမ ၃ ဘီလျံခန့်မှာ ဖေ့စ်ဘွတ်အသုံးပြုသူများဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီဖြစ်လာသည့် ဖေ့စ်ဘွတ်က ဖုန်းအော်ပရောတာများနှင့် ပူးပေါင်းကာ အာဖရိကနှင့်အာရှတိုက်များတွင် အင်တာနက် အသုံးမပြုနိုင်သူများအတွက် Internet.org ကို ၂၀၁၃ ခုနှစ်အတွင်းက စတင်ခဲ့ပြီး ဘီလျံနှင့်ချီသော လူများ ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။


“အင်တာနက်ကို လူတိုင်းအသုံးပြုနိုင်မယ်ဆိုင် ကျွန်တော်တို့အားလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမို တိုးတက်လာစေနိုင်ပါတယ်” ဟု ဇာကာဘာ က ပြောကြားခဲ့သည်။
Ref: Reuters

0 comments:

Post a Comment