မြန်မာယူ ၁၉ - ၃ဂိုး အင်ဒိုနီးရှားယူ ၁၉ - ဝ


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(က) ဒုတိယပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် မြန်မာယူ-၁၉ အသင်းနှင့် အင်ဒိုနီးရှားယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၃-၀ ဖြင့် အနိုင်ရရှိ ခဲ့သည်။

မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၁၉ မိနစ်တွင် ငြိမ်းချမ်းအောင်က လည်းကောင်း၊ ၃၂ မိနစ်နှင့် ၆၄ မိနစ်တို့တွင် မောင်မောင်စိုးကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့ကြပြီး နှစ်ပွဲကစား နှစ်ပွဲနိုင် ၆ မှတ်ဖြင့် အုပ်စုပထမရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment