Online Shopping လုပ်ငန်း လုပ်တော့မယ့် အေသင်ချိုဆွေ

အေသင်ချိုဆွေက စီးပွားရေး တစ်ခု လုပ်ဖို့ စီစဉ်နေပြီး ဘန်ကောက်က နေအင်္ကျီတွေ သွင်းကာ Online Shopping အနေနဲ့ ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သိရ ပါတယ်။ အမျိုးသမီး ခေတ်ပေါ် ဖက်ရှင် ဒီဇိုင်းများကို Online Shopping အနေနဲ့ ရောင်းချမယ့် အပေါ် အေသင်ချိုဆွေ က “အနုပညာ အလုပ် လုပ်ရင်းနဲ့ စီးပွားရေး ဘက်ကို စမ်းကြည့်ချင်တာပါ။ အခုလည်း Online Shopping တွေ တအား ခေတ်စားနေတယ်။ ကိုယ်ကိုယ်တိုင် ကလည်း ဘန်ကောက် မှာ အင်္ကျီ တွေ သွားဝယ်ပြီး ဖက်ရှင် ဘက်ကို စိတ်ဝင်စားနေတော့ လုပ်ကြည့်ချင် တာပါ။ ဆိုင်နာမည် ကတော့ ဘယ်လို ပေးရမှန်း မသိသေးဘူး။ တိုင်ပင်နေ တုန်းပဲ။ လုပ်ဖြစ်ရင်တော့ အွန်လိုင်း မှာလည်း အသိပေးမှာပါ။ အနုပညာအသိုင်း အဝိုင်းထဲက ကိုယ်နဲ့သိတဲ့ သူတွေကို လိုက်စပ်ပြီး အရင်ဆုံး လုပ်ဖြစ်မှာပါ။ မိန်းကလေး အတွက် ဖက်ရှင်တွေ ဦးစားပေး တင် မှာပါ။ အခုခေတ် ခေတ်စားနေတဲ့ ပုံစံမျိုးတွေ တင်မယ်။ နောက်ပိုင်းမှာ ဒါလုပ်ကြည့်လို့ အောင်မြင်တယ် ဆိုရင် USA Brand တွေလည်း တင်ဖို့ အစီအစဉ် ရှိပါတယ်” လို့ ပြောပါတယ်။

အနုပညာ နဲ့ စီးပွားရေး လုပ်ငန်းကို မျှတအောင် လုပ်ကိုင် သွားမှာဖြစ်ကြောင်း ကိုလည်း အေသင်ချိုဆွေက “အနုပညာ အလုပ်က လုပ်နေဦးမှာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ စီးပွားရေး တစ်ခု၊ နေ့စဉ် ပုံမှန်ဝင်ငွေပေါ့။ အဲဒါမျိုးလေး လက် ငုတ်လက်ရင်း ရှိနေတယ် ဆိုတာမျိုး ဖြစ်စေချင်တယ်။ အနုပညာ အလုပ်ကျတော့ ဒီအလုပ်ပဲ တစ်ချိန်လုံး အား ကိုးနေလို့မရ ဘူး။ ရေရှည် ကိုယ့်ဘဝ လျှောက် ဖို့အတွက်က ရှိသေးတယ်။ နေ့စဉ်နေ့တိုင်း ကိုယ်လုပ်ရမယ့် လုပ်ငန်း တစ်ခုတော့ လုပ်ရမယ် ဆိုပြီး ဆုံးဖြတ် လိုက်တာပါ” လို့ အေသင်ချိုဆွေက စက်တင်ဘာ လကုန်မှာ ဘန်ကောက်မှာ ပစ္စည်း တွေ သွားဝယ်တော့ မှာဖြစ်ပြီး Online Shopping လုပ်ငန်း ကိုမကြာမီ စတင်တော့ မှာဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Popular

0 comments:

Post a Comment