အပစ်ရပ်စဲရေးကို KIO/KIA ဘာကြောင့်ငြင်းဆန်နေရတာလဲ

တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး အစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)တို့တွေ့ဆုံဆွေးနွေးနေသည်မှာ ၃ ရက် မြောက်ဖြစ်သော်လည်း သဘော တူညီမှုမရသေးကြောင်း သိရသည်။

ထိုသို့သဘောတူညီမှုမရခြင်း၏ နောက်ကွယ်တွင် NCCT ကို KIO/KIA အဖွဲ့ကကြိုးကိုင်ချယ်လှယ်နေသလားဟူသော မေးခွန်းများဖြင့် သံသယပွားစရာဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် NCCT တွင်ပါဝင်နေသော KIO/KIA အဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရေးကို အစိုးရအဖွဲ့အား ငြင်းဆန်ခဲ့သောကြောင့်ဖြစ်ပါသည်။

အပစ်ရပ်ရေးကိစ္စ KIO/KIA ငြင်ဆန်နေရခြင်းမှာ အကြောင်းအရာ(၂)ရပ်ကိုတွေ့မြင်ရပါသည်။ ပထမတစ်ချက်က သစ်၊ ကျောက်စိမ်း၊ ရွှေ နှင့်ပယင်း၊ မူးယစ်ဆေးဝါးမှောင်ခိုစီးပွားရေး လုပ်ငန်းများစွာမှ KIO/KIA ၏ဘဏ္ဍာငွေ အလုံးအရင်းရှိနေ ခြင်းကြောင့် ငြိမ်းချမ်းရေးကို ငြင်းဆန်နေသည်ဟု ယူဆနိုင်ပါသည်။ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် အချမ်းသာဆုံးက KIO/KIA ဖြစ်ပါသည်။ ထိုသို့ စည်းစိမ်ဥစ္စာ ငွေကြေးဓနများကို ယုတ်လျော့သွားမယ့် အရေးကိုတွေးပူပြီး ကာကွယ်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ချင်ကြောင်း ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်ပါသည်။

ဒုတိယအချက်ကတော့ ပြည်ထောင်စုကခွဲထွက်ပြီး ၀မ်ပေါင်နိုင်ငံထူထောင်ရေး ရည်မှန်းချက်ဖြစ်ပါသည်။ မကြာမီရက်ပိုင်း က Oline ပေါ်ပျံ့နှံ့လာသော KIO ဗဟိုကော်မတီဝင်တစ်ဦးက RSO နှင့် ဘင်္ဂါလီတို့ကို လက်ခံတွေ့ဆုံခဲ့သည့် ဗွီဒီယိုဖိုင် ကြောင့်ပိုပြီး စိုးရိမ်စရာဖြစ်လာခဲ့ပါသည်။ KIO/KIA အဖွဲ့ဟာပြည်ထောင်စုကခွဲထွက်ဖို့ RSO အပါအ၀င် ဘင်္ဂါလီတွေနဲ့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်နေသည်ဟုလည်း ယူဆနိုင်ပါသည်။

ထိုအချက်(၂)ချက်ကို လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းများတွင် အစိုးရအကြပ်တွေ့အောင် KIO/KIA ကထပ်မံ တောင်းဆိုနေခြင်းဖြစ်ပါသည်။ ယခုဆိုလျှင် KIO ထိန်းချုပ်နယ်မြေထဲမှာ KIA၊ ABSDF၊ ရခိုင်တပ်မတော်(AA)တို့ရှိပြီးဖြစ်၍ ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ဝင်လာလျှင်ပိုပြီး အင်အားတောင့်လာပါတော့မည်။ ထိုအကြောင်းတရားများကြောင့် အပစ်ရပ် ရေးကို KIO/KIA ငြင်းဆန်နေတာလား မေးခွန်းထုတ်စရာ ဖြစ်နေပါတော့သည်။

နိုင်အောင်

Kachin Daily News

0 comments:

Post a Comment