စီရော်နယ်ဒို ကိုခေါ်ယူ လိုပါက ပေါင်သန်း ၁၄၀ အထိကုန် ကျနိုင်

မန်ယူကစားသမားဟောင်း စီရော်နယ်ဒို၏တစ်နှစ်လုပ်ခလစာကို ၎င်း၏ကိုယ်စားလှယ်များက တစ်နှစ်ပေါင်သန်း၂၀ဟုတောင်း ဆိုလိုက် ပြီးနောက် ယင်းကစား သမားကို ပရီးမီးယားလိဂ် သို့ ပြန်လည် ခေါ်ယူမည် ဆိုပါက အမှန်တ ကယ်ပြောင်း ရွှေ့ကြေး မှာ ပေါင်းသန်း ၁၄၀ အထိကုန်ကျနိုင်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြလိုက်သည်။



ရီးယဲလ်အသင်း တွင်မတည် မငြိမ်ဖြစ် လာသော စီရော်နယ်ဒိုအနေဖြင့် ကမ်းလှမ်းမှုများကို နားစွင့်နေမည်ဟု ယူဆရပြီး မန်ယူ နည်းပြ ဗန်ဟားလ်ကလည်းလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားကို ခေါ်ရန်ကိစ္စအား ငြင်းဆန်ထားခြင်းမရှိကြောင်းယင်းသ တင်းစာကပင် ဆက် လက်ဖော်ပြခဲ့သည်။သို့သော်လည်း စီရော်နယ်ဒို၏အေးဂျင့်များသည်ကစားသမားတစ်ပတ်လုပ်ခကို ပေါင် ၃၈၅,၀၀၀ အထိ တိုးမြှင့် တောင်းဆို ရန်ရှိနေရာ ၎င်းအားခေါ် ချင်သည့် အသင်းများ အနေဖြင့် ကုန်ကျ စရိတ် အလွန်များပြား မည်ဖြစ်သည်။ ယင်းအချိန်တွင် ဖာဂူဆန်နေရာ ဆက်ခံ သော ဒေးဗစ်မိုယက်စ်၏ မအောင်မြင်မှုများကြောင့် မန်ယူအသင်း ပိုင် ရှင် ဂလေဇာမိသားစုသည် တန်ဖိုးကြီးမားသော ကစားသမား အားဖြည့်မှု ပြုလုပ်ရန် စိတ်ကူးရှိနေရာ မန်ယူအသင်းမှာ စီရော် နယ်ဒိုကို စိတ်ဝင်စားလာခဲ့သည်။

ပြီးခဲ့သည့် ရာသီက ရီးယဲလ်နှင့် ငါးနှစ်စာ ချုပ်သစ်ချုပ် ထားသော စီရော်နယ်ဒိုကို ယခုနှစ်နွေရာသီ အပြောင်း အရွှေ့ကာလအ တွင်း ဥရောပထိပ်တန်း အသင်းကြီးများက မျက်စိကျခဲ့ကြသည်။ အသက် ၃၀ ပြည့်တော့မည့် စီရော်နယ်ဒို၏ လစာမှာအနည်း ငယ်လျော့သွားခဲ့လျှင် ပင် မန်ယူသို့ မဟုတ် အခြားအင်္ဂလန်ကလပ်များမှာ များပြားလွန်းသောပြောင်းရွှေ့ကြေးပေးရန်တတ်နိုင် မည်လားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်နေ သည်။ စီရော်နယ်ဒိုကို အသက် ၃၅ နှစ်အရွယ်ထိရီးယဲလ်အသင်းတွင် ဆက် ရှိနေစေမည့် ငါးနှစ်စာ ချုပ်အတွက် ပေါင်သန်း ၁၄၀ ရင်းနှီးမြှုပ်နှံ ထားရသည့် ရီးယဲလ်အသင်းသည် ကမ္ဘာ့အဆင့်ခြေစွမ်းပြနေ ဆဲ ကစားသမားအတွက် ပေါင်သန်း ၆၀ ၀န်းကျင် အလိုရှိနေသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်လက ရီးယဲလ်စတား ဒီမာရီ ယာကို ပြောင်းရွှေ့ကြေးနှင့်လစာအတွက် ပေါင်သန်း ၁၂၀ ရင်းနှီးမြှုပ်နှံကာ ခေါ်ယူထားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima

0 comments:

Post a Comment