IS စစ်သွေးကြွများက လူ့ အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီးတစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် ကွပ်မျက်လိုက်ပြန်ပြီ

အီရတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်တွင် ISIS အကြမ်းဖက် သမားများက ဘာသာရေး အထိမ်းအမှတ် များကို ဖျက်ဆီးလျက် ရှိကြောင်း ဖေ့ဘုတ်ပေါ် တွင် ရေးသားခဲ့သူ လူအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး တစ်ဦးကို လူမြင်ကွင်း၌ ခေါင်းဖြတ် သတ်ဖြတ် ခဲ့သည်။



ဆာမီရာ ဆာလစ် အယ်လ်နူအီမိ ဆိုသူ ယင်းအမျိုးသမီးက မြို့ ၏ ဘာသာရေး နေရာများကို IS တို့ ဖျက်ဆီး နေသည်ဟု ဖေ့ဘုတ် ပေါ်တွင် ရေးသား ခဲ့ပြီး အချိန် မကြာမီမှာပင် စက်တင်ဘာ ၁၇ ရက်က အိမ်သို့ လာရောက် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။

နူအီမီကို ရှာရီယာ ဥပဒေ (မွတ်စလင် ဘာသာရေး ဥပဒေ) အရ အရေးယူ ခဲ့ခြင်း ဖြစ်ပြီး ငါးရက်ကြာ ညှင်းပန်း နှိပ်စက်ခဲ့ကာ နောက်ဆုံးတွင် ခေါင်းဖြတ် ကွပ်မျက် ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် အရ သိရသည်။

အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့ များက IS ပစ်မှတ်များကို လေကြောင်း ထိုးစစ် သုံးညမြောက် ဆင်နွှဲပြီး အချိန်တွင် နူအီမီ သတ်ဖြတ် ခံရခြင်း ဖြစ်သည်။ နူအီမီကို တနလာင်္နေ့က ကွပ်မျက် ခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖေ့ဘုတ် အကောင့် ကိုလည်း ဖျက်ပစ် ခဲ့ကြောင်း မစ်ရှင်က ထုတ်ပြန် ခဲ့သည်။

IS တပ်များက ဇွန်လမှ စကာ အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ အနှံ့ ထိုးစစ်များ ဆင်နွဲခဲ့သည်။ အီရတ် နိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မိုဆူးလ်လည်း ၎င်းတို့ လက်အောက် ကျရောက် နေသည်။ ယင်းတို့သည် သြဂုတ်လ အတွင်း မြို့ ရှိ သမိုင်းဝင် အထင်ကရ နေရာများ အပြင် ဗလီများနှင့် သချိင်းဂူများ ကိုပါ ဖျက်ဆီး ခဲ့ကြသည်။
by Mizzima News

0 comments:

Post a Comment