ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေ ပိုးမွှားကင်းစင်အောင် ဘယ်လိုလုပ်နိုင်လဲ


အမေရိကန်စိုက်ပျိုးရေးဌာနနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာဆောင် ရွက် သူ များ အဖွဲ့တွေက လတ်လတ်ဆတ် ဆတ်အသီးအရွက်တွေမှာ ဓာတု ဆေးဝါးတွေပါရှိတတ်တာကို စား သုံးသူတွေကို နှစ်စဉ်သတိပေး လေ့ရှိပါတယ်။ ပန်းသီး၊ စတော် ဘယ်ရီ၊ စပျစ်သီး၊ ဒေါက်ခွရွက်၊ သခွားသီး၊ ချယ်ရီသီး၊ ခရမ်းချဉ် သီး၊ အာလူးစတာတွေဟာ သန့် ရှင်းမှုမရှိတဲ့စာရင်းထဲအမြဲလိုလို ဝင်နေလေ့ရှိပါတယ်။

ဒါကြောင့်မို့ ရိုးရိုးရှင်းရှင်းနဲ့၊ အကုန်အကျသက်သာစွာနဲ့ ဓာတု ဆေးဝါးတွေသန့်စင်နိုင်မယ့်နည်း လမ်းအချို့ကို မျှဝေပေးလိုက်ပါ တယ်။

ရှလကာရည် ၁၀ ရာခိုင်နှုန်းနဲ့ ရေ ၉၀ ရာခိုင်နှုန်းရောစပ် ထားတဲ့ရေထဲကို ဟင်းသီးဟင်း ရွက်တွေ၊ အသီးအနှံတွေကို ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိစိမ် ထားပေးပါ။ ရေဇလုံထဲမှာ အညစ်အကြေးတွေကျန်ခဲ့တာ တွေ့ရမှာပါ။ အဲဒီနောက် ရေသန့် သန့်နဲ့ထပ်ဆေးလိုက်တဲ့အခါ ဓာတုဆေးကင်းစင်သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်တွေရမှာပါ။ ဒီနည်းက ဘယ်ရီသီးလိုမျိုး ပေါက်ပြဲလွယ်တဲ့အခွံပါးသီးနှံ တွေကို ဆေးဖို့အဆင်မပြေတဲ့ အတွက် သံပရာရည်နဲ့အစားထိုး ဆေးကြောနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ရေထဲကို ဆားနည်းနည်းထည့်ပြီး ဆေးနိုင်သလို ရေခဲရေအေးအေး နဲ့ဆေးကြောရင်လည်း ပိုးမွှား တွေကို ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိသေစေနိုင်တယ် လို့ဆိုပါတယ်။ ဒါကြောင့် မိသား စုတွေကျန်းမာစေဖို့ အစားအသောက်တွေကိုသန့်ရှင်းအောင် ဆေး ကြောစားသုံးကြရအောင်ပါ။

Ref: healthynaturalworld.com
7Day

0 comments:

Post a Comment