ဘီကီနီ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေနဲ့ ကြော်ငြာ ရိုက်ခဲ့၍ လေကြောင်းလိုင်းတစ်ခု အပြင်းအထန် ဝေဖန်ခံနေရ



အသစ်အဆန်း ဆိုတိုင်း ကောင်းလေ့ မရှိပါဘူး။ ယဉ်ကျေးမှုနဲ့ ကွဲထွက်ပြီး ထူးထူးခြားခြား ပြုလုပ်သူတွေ အတွက် သတိထားရမယ့် ဖြစ်ရပ် ဗီယက်နမ် နိုင်ငံမှာ ဖြစ်ပွားခဲ့ ပါတယ်။ ဗီယက်နမ် လေကြောင်းလိုင်း Vietjetဟာ ကြော်ငြာတစ်ခု ရိုက်ကူးရာမှာ ဘီကီနီ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေရဲ့ ပုံရိပ်ကို အသုံးပြုခဲ့လို့ ဝေဖန်ခြင်းခံခဲ့ရ ပါတယ်။ တကယ်တော့ ဒီကြော်ငြာဟာ ထုတ်လွှင့်ရခြင်း မရှိသေးဘဲ ရိုက်ကူးပြီးစီးမှု အဆင့်မှာသာ ရှိပါတယ်။ ကြော်ငြာ မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မော်ဒယ်တစ်ဦး ဟာ ရိုက်ကူးမှု မြင်ကွင်းကို လူမှု ကွန်ရက် ၀က်ဘ်ဆိုက်မှာ လွှင့်တင်ခဲ့ ပြီးနောက် ဝေဖန်မှုတွေ စတင်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်ဟာ တစ်နေ့လုံး နီးပါး ရိုက်ကူးခဲ့တဲ့ ဗီယက်နမ် လေကြောင်းလိုင်း ကြော်ငြာပြီး စီးသွားပါ ပြီဆိုတဲ့ စာသား ကိုရေးသားပြီး ရိုက်ကွင်းက ပုံအချို့ကို ဖော်ပြခဲ့ပါတယ်။ အဲဒီပုံမှာ ပါဝင် သရုပ်ဆောင်တဲ့ မော်ဒယ်တွေဟာ ဘီကီနီတွေနဲ့ လေယာဉ်ကို နောက်ခံထားပြီး ကခုန်ခြင်း၊ လေယာဉ်ထဲမှာ မဖွယ်မရာ ပုံစံတွေ ပြုလုပ်ခဲ့ခြင်းတို့ ပါဝင်ခဲ့တာမို့ လူမှုကွန်ရက် ၀က်ဆိုက်မှာ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ် လာပြီးတဲ့နောက် အဲဒီ မော်ဒယ်ဟာ တင်ထားတဲ့ ဓာတ်ပုံတွေ ပြန်လည် ဖျက်သိမ်းခဲ့ပြီး တာဝန်ရှိသူတွေ ကလည်း ကြော်ငြာ ရိုက်ကူးမှုသာ ပြုလုပ်ထား ခြင်းဖြစ်ပြီး အသုံးပြုရန် မဆုံးဖြတ်ရ သေးကြောင်း ဖြေရှင်းချက်ပေးခဲ့ ပါတယ်။ 

Messenger

0 comments:

Post a Comment