မန်စီးတီးနှင့်လမ်းပတ် စာချုပ်သက်တမ်း တိုးနိုင်



ရှဖီးလ်အသင်းကို ၇-၀ ဂိုးပြတ်ဖြင့် မန်စီးတီးအသင်း အနိုင်ရခဲ့သည့်ပွဲတွင် ချယ်လ်ဆီး အသင်း ကွင်းလယ်ကစားသမား ဟောင်း ဖရန့်လမ်းပတ် နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် မန်စီးတီးနည်းပြ ပယ်လီဂရီနီက လမ်းပတ်၏ အငှားစာချုပ်သက်တမ်းကို ထပ်မံတိုးဖွယ်ရှိသည်ဟု ပြောကြားလိုက် သည်။ အသင်းဟောင်း ချယ်လ်ဆီးနှင့် ဆုံတွေ့သည့်ပွဲတွင်လည်း လမ်းပတ်က မန်စီးတီးအတွက် အရေးပါသော ချေပဂိုးတစ်ဂိုး သွင်းယူပြီး သရေတစ်မှတ် ရယူပေးခဲ့ သည်။


လမ်းပတ်၏ အငှားစာချုပ် မှာ လာမည့်ဇန်နဝါရီလတွင် သက်တမ်းကုန်မည် ဖြစ်သော်လည်း လာမည့် ဘောလုံးသမား အပြောင်းအရွှေ့ကာလ၌ လမ်းပတ် မန်စီးတီးအသင်းတွင် ဆက်ရှိနေစေရန် ကြိုးပမ်းသွားမည်ဟု ပယ်လီဂရီနီက ပြောသည်။ ချယ်လ်ဆီးမှ လမ်းပတ်ကို မေဂျာလိဂ် နယူးယောက်စီးတီးအသင်းက ဝယ်ယူခဲ့ပြီး မန်စီးတီးအသင်းသို့ ပြန်လည်အငှားချခဲ့ခြင်းဖြစ်သည်။

—Ref: Goal

0 comments:

Post a Comment