အမေရိကန်သတင်းသမား သတ်ပစ်သူကို FBI သိပြီ

အမေရိကန် ​နိုင်ငံသား ​သတင်းသမား ​နှစ်ဦးကို ​လည်လှီးသတ်ဖြတ်ခဲ့တဲ့ ​IS ​အစ္စလာမ်မစ်နိုင်ငံ ​တပ်ဖွဲ့ဝင်က ​ဘယ်သူ၊ ​ဘယ်ဝါ ​ဖြစ်သလဲဆိုတာ ​သိရပြီလို့ ​အမေရိကန် ​ထောက်လှမ်းရေးက ​ပြောပါတယ်။

အဆိုပါ ​IS ​တပ်ဖွဲ့ဝင်ဟာ ​မျက်နှာဖုံးစွပ်တန်းလန်းနဲ့ ​အမေရိကန် ​နှစ်ဦးကို ​သတ်ဖြတ်ခဲ့ပေမယ့် ​အဲဒီ ​မျက်နှာဖုံးရှင်က ​ဘယ်သူဖြစ်သလဲ ​ဆို ​တာ ​ကို ​ထောက် ​လှမ်း ​ရေး ​တွေက ​ဖော် ​ထုတ် ​နိုင်ခဲ့ ​တာ ​ပါ။

သတင်းထောက် ​James ​Foley ​နဲ့ ​Steven ​Sotloff ​ကို ​IS ​အဖွဲ့က ​ဆီးရီးယားမှာ ​ဖမ်းဆီးပြီး ​သတ်ပစ်လိုက်တာပါ။

အမေရိကန်နိုင်ငံသား ​နှစ်ဦးကို ​သတ်ပစ်တဲ့သူကို ​သိပေမယ့် ​FBI ​ဒါရိုက်တာ ​James ​Comey ​က ​အသေးစိတ်ပြောပြဖို့ ​ငြင်းဆိုထားပါတယ်။

လူသတ်သမားဟာ ​လန်ဒန်လေယူလေသိမ်းနဲ့ ​ပြောဆိုသွားတဲ့အတွက် ​ဗြိတိန်နိုင်ငံသား ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

အဲဒါ့အပြင် ​နောက်ဗီဒီယိုတစ်ခုမှာ ​ပါဝင်တဲ့ ​စစ်သွေးကြွ ​တစ်ဦးရဲ့ ​လေယူလေသိမ်းဟာ ​မြောက်အမေရိကန် ​အင်္ဂလိပ် ​လေယူလေသိမ်းနဲ့ ​ပြောဆိုခဲ့တဲ့အတွက် ​အဲဒီပုဂ္ဂိုလ်ကိုလည်း ​အမေရိကန်က ​သဲကြီးမဲကြီး ​ရှာဖွေမှု ​လုပ်နေပါတယ်။

အခုလောလောဆယ် ​အမေရိကန် ​နိုင်ငံသား ​၁၂ ​ယောက်လောက် ​ဆီးရီးယား ​စစ်သွေးကြွအဖွဲ့တွေနဲ့ ​ပူးပေါင်းတိုက်ခိုက်မှုတွေ ​လုပ်နေတယ်လို့ ​FBI ​အကြီးအကဲက ​ပြောဆိုခဲ့ပြီး ​အဲဒီထဲက ​တချို့ကတော့ ​အမေရိကန် ​နိုင်ငံကို ​ပြန်လည်ရောက်ရှိနေပြီလို့လည်း ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia

0 comments:

Post a Comment