အင်ဒိုနီးရှား ရှိ မျိုးနွယ်စု တစ်ခု က လူသေများကို နှစ်စဉ် ပြန်ဖော်ကာ အ၀တ်သစ်လဲပေး

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီစီကျွန်းတွင် နေထိုင်သည့် တာရာဂျာ မျိုးနွယ်စုဝင် များသည် သေဆုံးသူ ၄င်းတို့ဆွေမျိုးများ၏ အလောင်းကို မြေကြီးထဲမှ နှစ်စဉ် ပြန်ဖော်ကာ ထိုအလောင်းများကို ရေချိုးပေခြင်း၊ ခေါင်းဖြီး အလှဆင်ပေးခြင်းနှင့် အ၀တ်စားကောင်းများ လဲလှယ်ပေးခြင်းတို့ကို လုပ်ပေးလေ့ရှိသည်။ ၄င်းတို့သည် ကလေးအလောင်းများကိုပင် နှစ်စဉ် ပြန်ဖော်ကာ ထိုကဲ့သို့ လုပ်ပေးလေ့ ရှိကြောင်း သိရသည်။ ခေါင်းတလားများ ပျက်နေလျှင်လည်း ပြန်ပြင်ပေးခြင်း သို့မဟုတ် ခေါင်းတလား အသစ်လဲပေးခြင်းတို့ကို လည်း ၄င်းတို့က လုပ်ပေးလေ့ရှိသည်။


ပြီးလျှင် ထိုအလောင်းများကို ရွာတစ်ပတ်တွဲကာ လမ်းလျှောက်ပေးကြသေးကြောင်း သိရသည်။ ယင်း အလေ့အထကို ၄င်းတို့က MaiNene ဟုခေါ်ဆိုပြီး အဓိပ္ပါယ်မှာ အလောင်းများကို သန့်ရှင်းရေး လုပ်ပေးသည့်ပွဲဟူ၍ ဖြစ်သည်။ အဆိုပါ မျိုးနွယ်ဝင်တို့သည် ထိုပွဲကို နှစ်စဉ် သြဂုတ်လတိုင်း ကျင်းပလေ့ရှိသည်။ တာရာဂျာ ယုံကြည်မှု အရ လူသေ၏ ၀ိဥာဉ်သည် ၄င်းမွေးဖွားနေထိုင်ခဲ့ရာ ရွာသို့ ပြန်လာရမည်ဟု ယုံကြည်၍ ထိုပွဲကို ၄င်းတို့ ကျင်းပကြခြင်း ဖြစ်သည်။


လူတစ်ဦးသည် လမ်းခရီးတွင် သေဆုံးသွားပါက အဆိုပါလူ သေဆုံးသွားသည့် နေရာကို မိသားစုဝင်များက လိုက်သွားပြီး အလောင်းကို ရွာသို့ ပြန်တွဲခေါ်လာလေ့ရှိကြသည်။ ရှေးယခင်ကဆိုလျှင် ၄င်းတို့သည် ခရီးဝေးဝေးလံလံ မသွားလိုကြပေ။ အဘယ်ကြောင့် ဆိုသော် ဝေးလံလှသည့် နေရာတွင် ၄င်းတို့ သေဆုံးသွားခဲ့လျှင် ရွာသို့ ပြန်လာ၍ မရမည် စိုးသောကြောင့် ဖြစ်သည်။

Daily Mail (ချယ်ရီ)

0 comments:

Post a Comment