မြန်မာနိုင်ငံမှာ ပြသဖို့ဆင်ဆာတင်တားတဲ့ ‘ဘယ်လိုအချစ်မျိုးလဲ’



ထိုင်းနိုင်ငံတွင် လက်ရှိ ရုံတင်လျက်ရှိသော ထိုင်း-မြန်မာ ဖက်စပ်ရိုက်ကူးထားသည့် ‘ဘယ် လိုအချစ်မျိုးလဲ’ (Myanmar in love in Bangkok)ဇာတ်ကားကို မြန်မာနိုင်ငံ၌ ရုံတင်ပြသနိုင် ရန်ဆင်ဆာတင်ထားပြီး အောက် တိုဘာလကုန်တွင် ပြသနိုင်မည် ဟု မျှော်မှန်းကြောင်း Media 7 ဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြော သည်။ 

ထိုဇာတ်ကားသည် ထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတစ်ဦးနှင့် တက်တူးထိုးသော ထိုင်းမလေး တို့၏ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ရွှေ့ပြောင်းလုပ် သမားလေး 'Dan' အဖြစ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မွန်၊ကချင်တိုင်းရင်းသား အောင်နိုင်စိုးက အဓိက သရုပ်ဆောင်ထား သည်။ ထိုင်းနိုင်ငံတွင် အောင်မြင် သလို အဆိုပါဇာတ်လမ်းသည် မြန်မာလူမျိုးတစ်ဦး၏ အကြောင်း ဦးစားပေး ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ပြသပါက ထိုင်းနိုင်ငံတွင် ပြသသည်ထက် ပရိသတ်အားပေးမှုရရှိမည်ဟု မျှော်လင့်ကြောင်း ကိုဝေမင်းမောင်က ပြောသည်။ 

ဘယ်လိုအချစ်မျိုးလဲဇာတ် ကား မြန်မာနိုင်ငံတွင်ပြသဖြစ်ပါ က ယင်းဇာတ်ကား၌ အတူတွဲ ဖက်သရုပ်ဆောင်သည့် ထိုင်းမင်း သမီး၊ အခြားသရုပ်ဆောင်များ နှင့်အတူ လာရောက်ရန်အစီအ စဉ်ရှိသလို မြန်မာပရိသတ်များ နှင့်လည်း တွေ့ဆုံသွားရန်ရှိ ကြောင်း အဓိကသရုပ်ဆောင် အောင်နိုင်စိုးကပြောသည်။ 

နှစ်နိုင်ငံ ဖက်စပ်ရိုက်ကူး ခြင်းဖြစ်သော်လည်း အဆိုပါ ဇာတ်ကားရိုက်ကူးရေးပိုင်းကို ထိုင်းနိုင်ငံဘက်မှသာ တာဝန်ယူ ရိုက်ကူးခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် ပြသရန်အတွက်သာ တာဝန်ယူရ ကြောင်း ၎င်းကဆိုသည်။ 

ယင်းဇာတ်ကားကို ထိုင်း နိုင်ငံရှိ ရုပ်ရှင်ရုံများတွင် စက်တင် ဘာ ၁၈ ရက်မှစ၍ ပြသလျက်ရှိ သည်။ 

7Day

0 comments:

Post a Comment