နေ့စဉ်သရက်သီး ၁၀၀ ဂရမ်စားသုံးခြင်းက အဝလွန်သူများ၏ သွေးအတွင်းမှ သကြားဓာတ်ပမာဏကို လျော့ကျစေဟုဆို

သရက်သီး သို့မဟုတ် သရက်သီးမှ ထုတ်လုပ်ထားသော အချိုရည်များကို နေ့စဉ်ပုံမှန်စားသောက်ခြင်း က အရွယ်ရောက်ပြီးသား အဝလွန်သူများတွင် သွေးအတွင်းသကြားပါဝင်မှု ပမာဏကိုလျော့ကျစေပြီး ခန္ဓာကိုယ်အလေးချိန်အတွက်လည်းဆိုးကျိုးသက်ရောက်ခြင်းမရှိကြောင်း လေ့လာမှုတစ်ခုတွင် တွေ့ခဲ့ရသည်။ ထိုလေ့လာမှုကို အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်တွင်ပြုလုပ်ခဲ့ပြီး အသက် ၂၀ မှ ၅၀ အကြားရှိ အဝလွန်သူ ကျား၊ မ အယောက် ၂၀ ပါဝင်ခဲ့သည်ဟု သိရသည်။

လေ့လာသူများက လေ့လာမှုတွင်ပါဝင်သူများကို အေးခဲထားသောသရက်သီးခြောက်များသို့မဟုတ်သရက်
သီးမှထုတ်ယူထားသောအရည်များကိုနေ့စဉ်ဂရမ်၁၀၀နီးပါးစားသုံးစေခဲ့ပြီး၎င်းတို့၏ ပြောင်းလဲမှုများကို
လေ့လာခဲ့သည်။၁၂ပတ်ကြာ နေ့စဉ်ပုံမှန်သရက်သီးစားသုံးစေပြီး နောက်လေ့လာမှုတွင်ပါဝင်သူများ၏
သွေးအတွင်းသကြားဓာတ်ပါဝင်မှု လျော့နည်းလာကြောင်း တွေ့ရှိခဲ့ရပြီး ထို သက်ရောက်မှုကို အမျိုးသမီးများတွင်သာမက အမျိုးသားများတွင်ပါ တွေ့ခဲ့ရသည်။

ယင်းအပြင်သရက်သီးစားသုံးခြင်းကအမျိုးသားများတွင်ကိုယ်အလေးချိန်အနည်းငယ်သာကျဆင်းသွားေ
စပြီးအမျိုးသမီးများတွင်ခန္ဓာကိုယ်အလေးချိန် ပြောင်းလဲမှုမျိုးကို မတွေ့ခဲ့ရပေ။

“ဒီလေ့လာမှုအရ သရက်သီးကို ပုံမှန်စားသုံးခြင်းက အဝလွန်သူများအတွက် ၎င်းတို့သွေးအတွင်းသ ကြားဓာတ်ပါဝင်မှု ပမာဏကိုလျှော့ချရန် သို့မဟုတ် ထိန်းထားရန် အထောက်အကူပြုနိုင်ကြောင်းကို သက်သေပြခြင်းဖြစ်သည်ဟု လေ့လာမှုတွင်ပါဝင်သူတစ်ဦးက ဆိုသည်။ ထိုသို့ဖြစ်ရခြင်းက သရက်သီး တွင် bio-active ဒြပ်ပေါင်းများနှင့် သွေးအတွင်းမှ သကြားဓာတ်ကို ထိန်းသိမ်းရာတွင် အထောက်အ ကူဖြစ်စေသည့် antioxidant တစ်မျိုးပါဝင်ခြင်းကြောင့် ဖြစ်သည်ဟုလည်း ယင်းကထပ်မံပြောကြားခဲ့ သည်။

သရက်သီးသည်ဗီတာမင် C ၊ ဗီတာမင် A နှင့် ဗီတာမင် B6 တို့ကြွယ်ဝစွာပါဝင်သော အသီးအနှံတစ် မျိုးဖြစ်ပြီး ယင်းတွင်သွေးအတွင်းသို့ သကြားဓာတ်များဝင်ရောက်ခြင်းကို လျော့ကျစေသည့် အမျှင် ဓာတ်တစ်မျိုးပါ ပါဝင်သည်ဟုလည်း သိရသည်။ သို့သော် ယခုလေ့လာတွေ့ရှိမှုသည် ကနဦးရလဒ် တစ်ခုသာဖြစ်ပြီး ယင်းကိုဆေးပညာဆိုင်ရာစမ်းသပ်မှုများ ထပ်မံပြုလုပ်ရဦးမည်ဟုလည်း ယခုလေ့လာ မှုကိုဦးဆောင်ပြုလုပ်ခဲ့သူ ဒေါက်တာလူးကပ်စ်က ပြောကြားခဲ့သည်။

Democracy Today Daily

0 comments:

Post a Comment