နောက်ထပ်တခါ ကျော်ကြားသူတို့၏ ၀တ်လစ်စားလစ်ဓာတ်ပုံများ တတိယအကြိမ် ဖောက်ချခံရ



ဟောလိဝုဒ် ကျော်ကြားသူ အမျိုးသမီးအချို့ ၏ ၀တ်လစ်စားလစ်ဓာတ်ပုံများ သည် စက်တင်ဘာ ၂၈ ရက် ည တွင် အွန်လိုင်း၌ တတိယအကြိမ် ဖောက်ချခံခဲ့ရသည်။

တတိယအကြိမ် ဖောက်ချခံ ရသည့် ၀တ်လစ်စားလစ်ဓာတ်ပုံ များတွင် သရုပ်ဆောင်မင်းသမီး ဂျနီဖာလောရင့်စ်၏ ဓာတ်ပုံ ၅၅ ပုံ၊ Twilight ဇာတ်ကားမှ သရုပ် ဆောင်မင်းသမီး အန်နာကန်း ဒရစ်၏ ဓာတ်ပုံ ၈၇ ပုံ၊ Victoria's Secret မော်ဒယ် ကာရာဒယ်လ် ဗင်းနယူး၏ ဓာတ်ပုံအချို့လည်း ပါဝင်ခဲ့သည်ဟု New York Post သတင်းစာ Page Si# ကဏ္ဍ၌ ဖော်ပြသည်။

Twilight သရုပ်ဆောင်မင်း သမီး အန်နာကန်းဒရစ်ဓာတ်ပုံ များမှာ ၀တ်လစ်စားလစ်ပုံများ မဟုတ်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က လည်း ဒုတိယအကြိမ် ဖောက်ချခံ ရသည့် ၀တ်လစ်စားလစ်ပုံများ တွင် ရီဟားနား၊ အမ်ဘာဟာ့ဒ်၊ ကင်ကာဒက်ရှီယမ်၊ စကားလက် ဂျိုဟန်ဆန်တို့ ပါဝင်ခဲ့သည်။

သြဂုတ် ၃၁ ရက်တွင် ကျော် ကြားသူ ၁၀၁ ဦး၏ အတွင်းရေး ဓာတ်ပုံများ အွန်လိုင်း၌ ပထမဆုံး အကြိမ် ဖောက်ချခံခဲ့ရပြီး ယင်းသို့ ဖော်ပြခံရသူများထဲတွင် ဂျနီဖာ လောရင့်စ်နှင့် မော်ဒယ် ကိတ် အပ်တန်တို့လည်း ပါဝင်ခဲ့သည်။

Apple i Cloude ၀န်ဆောင် မှု တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့ ၏ အတွင်းရေးဓာတ်ပုံများ ဖောက် ချခံရခြင်းဖြစ်သည်ဟု ကျော်ကြား သူများက ပြောကြားသည်။

—Ref: AAP
7 day

0 comments:

Post a Comment