ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားလျက် ရှိသော အကြမ်းဖက်မှုများအား ၂၀၁၅ အကုန်တွင် အဆုံးသတ်မည်ဟု ၀န်ကြီးချုပ် ပြောကြား

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာ သည် နိုင်ငံ တောင်ပိုင်းရှိ ပြည်နယ် များတွင် ဖြစ်ပွားလျက် ရှိသော အကြမ်းဖက်မှု များကို တစ်နှစ်အတွင်း အဆုံးသတ် သွားမည်ဟု ကတိပြု ပြောကြား ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။

ပရာယုသ် သည် အဆိုပါ အစီအစဉ်ကို နက်ခ်ဟွန်ဆီသမ် မာရတ် ပြည်နယ်ရှိ စစ် အခြေစိုက် စခန်းတွင် စက်တင်ဘာ ၂၈ ရက်က ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ယင်း အစီအစဉ်ကို ၂၀၁၅ ခုနှစ် အကုန်တွင် ဖွဲ့စည်းမည့် ASEAN Economic Community သို့ မ၀င်ရောက်မီ အပြီးသတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်။

ထို့ပြင် နိုင်ငံတောင်ပိုင်း ရှိ ပြည်နယ်များတွင် အကြမ်းဖက်မှု များကို အဆုံးသတ်၍ ငြိမ်းချမ်းမှုကို ဖော်ဆောင် နိုင်စေရန် အတွက် အစိုးရ အနေဖြင့် စေ့စပ် ညှိနှိုင်း ဆွေးနွေးပွဲများကို အလေးထား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ၊ ယင်း ဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းရှင် အများအပြား လည်း ပါဝင်သွားမည် ဖြစ်ကြောင်း ပရာယုသ် က ထပ်လောင်း ပြောကြား ခဲ့သည်။ ယင်းကဲ့သို့ အကြမ်းဖက်မှုများ အဆုံးသတ်ရေး အစီအစဉ်တွင် သတင်း မီဒီယာများ အနေဖြင့်လည်း ပူးပေါင်း ပါဝင်သင့်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ရှိ ခွန်ခါလာ ခရိုင် လေးခုနှင့် ယာလာ ၊ ပတ်ထာနီ ၊ နာရာသီဝတ် ပြည်နယ် သုံးခု အပါအ၀င် ပြည်နယ် အချို့တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ စ၍ ခွဲထွက်ရေး အကြမ်းဖက် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ၊ ယင်း အကြမ်းဖက်မှု များကြောင့် ပြည်သူ ၅၉၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၀၆၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

PyiChitThar

0 comments:

Post a Comment