ညည့်နက်ပိုင်း ကင်းအလှည့်ကျသည့် ရဲသားတစ်ဦးသည် စခန်းဝင်ပေါက်ကို ရိုက်ထားသည့် CCTV တွင် မြင်လိုက် ရသည့် စခန်းအတွင်း ဝင်လာသည့် အရိပ်သဏ္ဍာန် တစ်ခုကြောင့် စိတ်တွင် ဇဝေဇဝါနှင့် ကယောင်ခြောက်ခြား ဖြစ်သွားခဲ့ ရသည်။
အမေရိကန် နယူးမက္ကဆီကို ပြည်နယ်ရှိ အီစပန်နိုလာ စခန်းတွင် ကင်းတာဝန်ကျနေသူ ကားလ်ရိုမီယို ဆိုသူ ရဲသားက စီစီတီဗီ များကို ညနက်ပိုင်း၌ စောင့်ကြည့် နေခဲ့သည်။ ယင်းအချိန်တွင် ခတ်ဝါးဝါး အရိပ် သဏ္ဍာန်တစ်ခု စခန်း ဝင်ပေါက်သို့ လှမ်းဝင်လာ သည်ကို တွေ့ ရှိ လိုက်ရသည်။
ရိုမီယိုက လူတစ်ဦးဦး ဝင်လာခြင်းဖြစ်မည်ဟု ထင်နေစဉ်မှာပင် ချက်ချင်း ဆိုသလို ယင်းသဏ္ဍာန်က လေကဲ့သို့ ပျောက်ကွယ် သွားခဲ့သည်။ ညည့်နက် သန်းခေါင် အချိန်တွင် မပီဝိုးတဝါး အဖြူရောင် အရိပ်သဏ္ဍာန်ကို လုံခြုံရေး ဧရိယာ အတွင်း ဗီဒီယို ဖန်သားပြင်တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည် မြို့ တွင်း အသတ်ခံရသူ တစ်ဦးဦး၏ ဝိဉာဉ် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ၎င်းအနေဖြင့် ထင်မြင်မိကြောင်း ရိုမီယိုက ပြောသည်။
"ကျွန်တော်တော့ ဒါက တစ္ဆေသရဲလို့ ပဲယုံတယ်။ သေချာ မသိရပေမယ့် ဒီမြို့ မှာ လက်သည် မပေါ်တဲ့ လူသတ်မှုတွေ ရှိထားတယ်"ဟု ၎င်းက KOAT TV သို့ ပြောသည်။
ရိုမီယိုက ၎င်းတွေ့ ခဲ့သည့် ပုံရိပ်ဝါးဝါး သရဲသဏ္ဍာန်အကြောင်း အထက်အရာရှိ ဖြစ်သူကို သွားရောက် သတင်းပို့ခဲ့ရာ အရာရှိ ကိုယ်တိုင်က ဂိတ်တံခါးများ ပိတ်ထားခြင်း၊ အချက်ပေးသံများ မမြည်ဘဲ ဂိတ်ကို မဖြတ်နိုင်ခြင်း တို့ကြောင့် ဝိဉာဉ်ဟုပင် ယုံကြည်ပြီး ရိုမီယိုကဲ့သို့ ပင် လက်သည် မပေါ်ဘဲ သတ်ဖြတ်ခံရသူ တစ်ဦး၏ ဝိဉာဉ်က ရဲကို အမှုမှန် အတွက် ကိုယ်ထင်လာရောက် ပြသခြင်း ဖြစ်မည်ဟု ယုံကြည်နေသည်။
အဆောက်အဦ ဝန်းကျင်တွင် ဆန်းဆန်းကြယ်ကြယ် သဏ္ဍာန်များကို တွေ့ ရသလို မည်သည့် အသံမှန်း မသိနိုင်သည့် အသံများလည်း ကြားနေရ တတ်ကြောင်း အခြားရဲဘော်များ ကလည်း ထပ်လောင်း အတည်ပြု ကြသည်။
ဗီဒီယို ကြည့်ရှုရန် လင့် https://www.youtube.com/watch?v=Qw6iPBb5cqo
Ref: Mirror
From: Mizzima
Yangon
0 comments:
Post a Comment