မလေးရှားလေယာဉ် MH 370 ခုနစ်လ အလွန်

The new maps reveal the priority search area in the southern Indian Ocean

more than 106,000 sq km of the search area in the southern Indian Ocean have been surveyed.

The floor of the ocean is dotted with the remains of extinct volcanoes, known as seamounts

There are also depressions on the seabed, some as deep as 1,400 metres


မလေးရှားလေယာဉ် MH 370 ခုနစ်လ အလွန်

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ကို ရှာဖွေနေတဲ့ အဖွဲ့က ပင်လယ် ကြမ်းပြင်ကို အသေးစိတ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသ လိုက်တဲ့အတွက် ပထမဆုံး အကြိမ်အဖြစ် ရေအနက် မီတာ ၁၄ဝဝ အောက်က ပင်လယ် သမုဒ္ဒရာ ကြမ်းပြင် ကြီးဟာ မီးတောင်သေ တွေနဲ့ ပြည့်နှက် နေတာကို မြင်တွေ့ ခွင့် ရခဲ့ပါတယ်။

တကယ်တော့ သမုဒ္ဒရာ ကြမ်းပြင်ကြီး ကို အခုလောက် ကြည်လင် ပြတ်သားအောင် ဓာတ်ပုံရိုက်ကူး ခဲ့တာဟာ ပထမဆုံး အကြိမ်ပါ။ နိုင်ငံတကာ အစိုးရအဖွဲ့ မှာရှိတဲ့ အင်္ဂါဂြိုဟ် ဓာတ်ပုံနဲ့ မြေပုံတွေ ကတောင် သမုဒ္ဒရာ ကြမ်းပြင် ဓာတ်ပုံတွေထက် ပိုပြီး ကြည်လင် ပြတ်သား နေခဲ့ ပါသေးတယ်။

မလေးရှား လေယာဉ် MH 370 ဟာ မတ် ၈ ရက်မှာ လူ ၂၃၉ ဦးကို တင်ဆောင်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်နိုင်ငံ ပေကျင်းလေဆိပ် ကို ဦးတည်ပျံသန်း သွားရာကနေ တောင်အိန္ဒိယ သမုဒ္ဒရာ တစ်နေရာမှာ ဘာ သဲလွန်စမှ ချန်မထားဘဲ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ ပါတယ်။ ဒီဘိုးအင်း ၇၇၇ လေယာဉ်ကြီးကို နိုင်ငံပေါင်း ၂၆ နိုင်ငံက ဝိုင်းဝန်းကူညီ ရှာဖွေပေး ခဲ့ပေမယ့် အခု အချိန်အထိ အစအန တစ်ခုတောင် မတွေ့ရ သေးပါဘူး။

ပျောက်ဆုံးလေယာဉ် ရှာဖွေရေးကို ဦးစီးဦးရွက် ပြုနေတဲ့ သြစတြေးလျ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဘေးအန္တရာယ် ကင်းရှင်းရေး ဗျူရိုက ဆိုနာ မြေပုံကို အသုံးပြုပြီး ရှာဖွေရမယ့် ဧရိယာကြီး ထဲမှာ ဦးစားပေး ရှာဖွေရမယ့် အကွက်တွေကို သတ်မှတ် နေပါတယ်။ ပြီးရင်တော့ ပင်လယ် ရေနက်ပိုင်း အထိငုပ်နိုင်မယ့် ရေယာဉ်သုံးစီး လောက်ကို သုံးပြီး အဲဒီ ဦးစားပေး အကွက်တွေကို ပိုက်စိပ်တိုက် ရှာဖွေ ပါတော့မယ်။

ဒီ ရှာဖွေရေး အဖွဲ့ကြီးမှာ သဲလွန်စ ဆိုလို့ ဘိုးအင်းဂျက်နဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတို့ အကြား တိုတောင်းလှတဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေး သင်္ကေတ တွေပဲရှိပါတယ်။ ဦးစားပေး ရှာဖွေရေး ဧရိယာကို ဒီသဲလွန်စ အပေါ်မှာပဲ အခြေခံထား တည်ဆောက် သတ်မှတ် ထားတာပါ။

ဒီလို လေယာဉ်နဲ့ ဂြိုဟ်တုကြားက အီလက်ထရွန်းနစ် ဆက်သွယ်မှု ဆိုတာ စပီကာတွေ ဖွင့်ထားတဲ့ အချိန်မှာ မိုဘိုင်းဖုန်းက မြေပြင် တာဝါတိုင် နဲ့ လှိုင်း အပြန်အလှန် ပို့လွှတ်ရာမှာ စပီကာက တကျစ်ကျစ် မြည်တဲ့အတိုင်း ပါပဲ။ ဖုန်းသုံးလို့ မြည်တာ မဟုတ်ပါဘူး။ ဖုန်းက လှိုင်းပို့ - ဖမ်း လုပ်တဲ့အခါ စပီကာထဲက သံလိုက်တုံးကြီး ကလဲ အလုပ်လုပ်လို့ အဲဒီအသံ မြည်တာပါ။ ဒီလိုပါပဲ အဲဒီ ဘိုးအင်းနဲ့ ဂြိုဟ်တုကြားက ဆက်သွယ်သံ တွေဟာ လေယာဉ်မှူးက စကားပြောဆို နေတာထက် စက်ကိရိယာတွေ အလိုအလျာက အလုပ်လုပ် နေတဲ့အခါ ဖြစ်လာတဲ့ အသံမျှသာ ဖြစ်ပါတယ်။

ဒီတော့ ဒီအသံတွေက တည်နေရာ တစ်ခုကို ဖော်ပြပေး နိုင်မယ့် အသံမျိုး မဟုတ်ပါဘူး။ ဒါကြောင့်လဲ ရှာဖွေရေးအဖွဲ့က ခရိုအေးရှား နိုင်ငံတစ်နိုင်ငံစာ လောက်ကျယ်တဲ့ သမုဒ္ဒရာ ရေပြင် ဧရိယာ စတုရန်း မိုင်ပေါင်း ၂၃၂ဝဝ ကို ရှာဖွေ နေရတာပါ။ အရှုံးထဲက အမြတ်လို့ ပြောရမှာ ကတော့ အခု ထုတ်ပြန်တဲ့ သမုဒ္ဒရာ ရေအောက်ကြမ်းပြင် မြေပုံတွေပါပဲ။ ဒီလိုမြေပုံမျိုး တစ်ခါမှ မရှိခဲ့ဖူး ပါဘူး။ သမုဒ္ဒရာ ရေအောက်မှာ အဖုတွေ၊ အထစ်တွေ၊ တောင်ပူစာတွေ၊ မီးတောင် ဟောင်းတွေ၊ ဘယ်လို ပုံဖော်ရမှန်း မသိတဲ့ မြေမျက်နှာ သွင်ပြင်တွေကို အခုမှ ကမ္ဘာက တွေ့ဖူးတာပါ။

Broken Ridge လို့ခေါ်တဲ့ အလယ်ပွင့် ကျောက်တန်းကြီး တစ်ခုထဲက အရှည် ငါးကီလိုမီတာ ရှိပြီး အမြင့် သုည ဒသမ ၉ မိုင်ရှိပါတယ်။ ဥရောပတိုက်က အဲလ်ပ်စ် တောင်တန်းကြီး ဟာ ဒီကျောက်တန်းရဲ့ အခြေလောက်ပဲ ရှိပါတယ်။ ဒီလို ရေအောက် ကြမ်းပြင်ကြီး ကို ရေငုပ်ယာဉ်တွေ လွှတ်ရမှာ ဖြစ်တဲ့အတွက် တိကျတဲ့ ဆိုနာ မြေပုံတွေ ရှိဖို့ အရေးကြီး ပါတယ်။ ဒီမြေပုံတွေကို ကြည့်ပြီး အဲ့ဒီ ရေငုပ်ရေယာဉ် တွေကို မောင်းနှင်ရပါမယ်။ မြေပုံ တစ်ချက် မှားတာနဲ့ မီးတောင်တွေ၊ ကျောက်တန်းတွေ ကြားမှာ ရေငုပ်ယာဉ်တွေ ပိတ်မိပျက်စီး သွားနိုင် ပါတယ်။

ဆိုနာမြေပုံ ရိုက်ယူဖို့ကိုပဲ အရှည် ၁ဝ ကီလိုမီတာ ရှိတဲ့ သံမဏိကြိုး ကြီးနဲ့ ဆိုနာ ကိရိယာကို ရေအောက် ကြမ်းပြင်မှာ ဆွဲယူ ခဲ့ရတာပါ။ ဒီသံမဏိကြိုး ကိုလဲ သတိကြီးစွာ ထားပြီး ဆွဲခဲ့ရ ပါတယ်။ ကြိုးသာ ယမ်းခါ သွားမယ်၊ ပြတ်သွားမယ် ဆိုရင် မြေပုံမှားယွင်း သွားနိုင်သလို ကြိုးဆွဲပုံ မှားယွင်း သွားပြီဆိုရင်လဲ ဆိုနာ ကိရိယာကို ရေအောက်မှာပဲ ဆုံးရှုံး သွားရမှာပါ။ ရေနက်ငုပ်ယာဉ် တွေမှာ အန္တရာယ်ရှိတဲ့ မြေအနေ အထားကို သိနိုင်မယ့် ဆိုနာကိရိယာ တွေပါ ပါတယ်။ အသင့်တပ်ဆင် ထားတဲ့ ကင်မရာတွေ ကလဲ ရှေ့က အတားအဆီးဟာ မြေလား၊ ကျောက်လား၊ လေယာဉ် အပိုင်း အစလား ဆိုတာကို သိရအောင် ဓာတ်ပုံရော ရုပ်သံပါ ရိုက်ကူး ပေးပို့မှာပါ။ ဒီယာဉ်တွေရဲ့ ရှေ့ပိုင်းမှာ တပ်ထားတဲ့ အီလက်ထရွန်းနစ် နှာခေါင်းကလဲ ရေထဲမှာ စိမ့်ဝင်ပျံ့နှံ့ နေနိုင်မယ့် လေယာဉ်ဆီကို အနံ့ခံပေး နိုင်ပါတယ်။

လေယာဉ်ပျောက် ရှာဖွေရေး သမိုင်းမှာတော့ MH 370 ရှာပုံတော်ဟာ အရှုပ်ထွေးဆုံး ပါပဲ။ သဲလွန်စလေး တစ်ခု ရဖို့တောင် လပေါင်းများစွာ ကြာသွားနိုင်ပြီး ဒီလေယာဉ်ကို ဘယ်တော့မှ ရှာမတွေ့ တော့မှာလဲ ဖြစ်နိုင် ပါတယ်။ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေ ခံစားနေရဆဲ ဖြစ်တဲ့ သောကလဲ မသေးလှ ပါဘူး။ သူတို့ အများစုဟာ တရုတ် လူမျိုးတွေပါ။ နိုင်ငံရပ်ခြားမှာ အလုပ် သွားရှာတဲ့ သူတွေ၊ အလုပ်ကိစ္စနဲ့ ခရီးသွား သူတွေ၊ ညီလာခံ အစည်းအဝေးတွေ တက်မယ့် ပညာရှင်တွေ၊ အားလပ်ရက် အပန်းဖြေခရီး ကနေ တပျော်တပါး အိမ်ပြန်ကြတဲ့ သူတွေ စုံလင်စွာ ပါပါတယ်။ အဲဒီလူတွေ အသက်ရှင်သန် ကျန်ရစ်နေဆဲ ပဲလား ဆိုတာကို ကျန်ရစ်သူ မိသားစုတွေက အသိချင်ဆုံး ပါပဲ။ လေယာဉ်ကို တွေ့ပြီလား ဆိုတဲ့ မေးခွန်းကိုပဲ နေ့စဉ် မမောနိုင် မပန်းနိုင် မေးနေကြတာ အခုဆိုရင် ခုနစ်လ ပြည့်ပါတော့မယ်။ ပူဆွေးသောက ရောက်နေတဲ့ မိသားစု ဆွေမျိုးသားချင်း တွေက အွန်လိုင်းဖိုရမ် တွေ ရေးပြီး ဆွေးနွေးကြ ပါတယ်။ လေကြောင်း ဘလော့တွေမှာ ကျွမ်းကျင်သူ တွေကို မေးခွန်းတွေ မေးကြပါတယ်။ အချင်းချင်း နှစ်သိမ့် ဆွေးနွေး ကြပါတယ်။ သူတို့နဲ့ စကားပြောချင် ရင် Voice 370 ဆိုတဲ့ ဖိုရမ်လေးကို ဝင်ကြည့် နိုင်ပါတယ်။ နိုင်ငံ အမြောက်အမြား ကနေ ဝင်ရောက် ဆွေးနွေးနေတဲ့ လူတွေ အမြဲတမ်း လူဦးရေ ၃ဝဝ လောက် ရှိပါတယ်။


Relatives of the passengers aboard MH370 are still searching for answers


မလေးရှား အစိုးရနဲ့ ရှာဖွေရေး အဖွဲ့တွေက သတင်း အချက်အလက်တွေ ထုတ်ပြန်တဲ့ နေရာမှာ နှေးကွေး လွန်းတယ်လို့ ဒီဖိုရမ်က ဝေဖန် ထားပါတယ်။ မလေးရှား အစိုးရဟာ အမှားတွေ တစ်ခုပြီးတစ်ခု ကျူးလွန် နေတယ်လို့ လဲ သူတို့ထဲက တစ်ဦးက စွပ်စွဲ ထားပါတယ်။ တချို့က မလေးရှားမှာ၊ တချို့ကလဲ တရုတ်မှာ အာဏာပိုင် အဖွဲ့အစည်း တွေကို မေးခွန်းတွေ တိုက်ရိုက် သွားမေးကြ ပါတယ်။ ရက်တွေ ကြာလာလို့ ဟိုတယ်ခ မတတ်နိုင် တော့တဲ့အခါ လမ်းပေါ် ဖြစ်သလို အိပ်နေရတဲ့သူ တို့ကို ရဲက နာရီပေါင်း များစွာ ဖမ်းဆီး ထိန်းသိမ်း ထားတာကိုလဲ သူတို့ မမှုပါဘူး။

တရုတ်အစိုးရ ကလဲ နစ်နာကြေး ငွေတွေပေးပြီး ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် နေနေတဲ့အပေါ် ကျန်ရစ်သူ မိသားစုတွေရဲ့ ဒေါသကလဲ တအုံနွေးနွေး ဖြစ်နေရာကနေ ပေါက်ကွဲစပြု လာပါပြီ။ မိသားစုတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်ရည်တွေ ဝိုင်းလာကြ ပါတယ်။ သူတို့ဘာမှ ပြောစရာ မလိုဘူး။ ဘာပြောချင်လဲ ဆိုတာ သိပြီးသားပါ။

ဒီ မိသားစု အားလုံးက သိချင်နေတဲ့ အဖြေကို ခုနစ်လလုံးလုံး မနားတမ်း ရှာဖွေနေတဲ့ ရှာဖွေရေး အဖွဲ့ကြီး ကလဲ မပေးနိုင် ပါဘူး။ မလေးရှား အစိုးရလဲ ဘာမှ မတတ်နိုင်သလို တရုတ်အစိုးရ လည်း မေ့မေ့ ပျောက်ပျောက် ဖြစ်နေပါပြီ။ အမေရိကန် ပြည်ထောင်စုက လဲ ISIS ချေမှုန်းရေးနဲ့ အလုပ်ရှုပ် နေလေတော့ လေယာဉ်ပေါ် ပါသွားတဲ့ ၂၃၉ ဦးနဲ့ သူတို့ရဲ့ မိသားစု ဆွေမျိုးသားချင်း ရာပေါင်း များစွာရဲ့ကံကြမ္မာ ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာ ဒီနေ့ ထုတ်ပြန်ခဲ့တဲ့ သမုဒ္ဒရာ ရေအောက် ကြမ်းပြင် ဆိုနာမြေပုံ တွေက ဘယ်လောက် အဖြေပေးနိုင်မလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပဲ လို့ လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

PyiChitThar

0 comments:

Post a Comment