အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် Bill Gates ဖြစ်လာ

Microsoft ကုမ္ပဏီ တည်ထောင်ခဲ့သူ Bill Gates သည် စက်တင်ဘာလ ၂၉ ရက်က Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် နံပါတ် တစ် နေရာ၌ ရပ်တည်ခဲ့သည်ဟု CNET သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



(ဓာတ်ပုံ - news.com)

Forbes မဂ္ဂဇင်းက အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ် ၄၀၀ စာရင်း ထုတ်ပြန်ခဲ့ရာတွင် Bill Gates သည် ပိုင်ဆိုင်ငွေ ၈၁ ဘီလီယံဖြင့် နံပါတ် တစ်နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ Bill Gates ၏ ပိုင်ဆိုင်မှုသည် လွန်ခဲ့သော တစ်နှစ်အတွင်း Microsoft ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများ မြင့်တာလာသည့်အတွက် ကိုး ဘီလီယံခန့် တိုးပွားလာသည်ဟု Forbes ကဆိုသည်။

ထို့နောက် Forbes မဂ္ဂဇင်းက Bill Gates ၏ လူမှုရေး လုပ်ငန်းများအတွက် မတည်အလှူငွေများစွာ ထည့်ဝင်နေမှုကို ချီးကျူးဖော်ပြခဲ့သည်။ Bill & Melinda Gates ဖောင်ဒေးရှင်းသည် ၂၀၀၀ ပြည့်နှစ်မှ စ၍ ပိုလီယို လျှော့ချရေး၊ အမေရိကန် ပညာရေး စနစ် မြင့်တက်လာရေး တို့အတွက် ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်လှူဒါန်းခဲ့ပြီးဖြစ်သည်။

“အခုအချိန်မှာတော့ သူတို့က ခြင်တွေကို နှိမ်နှင်းဖို့လုပ်နေပါတယ်၊ ငှက်ဖျားရောဂါက ၂၀၀၀ ပြည့်နှစ်က စပြီး ၂၅ ရာခိုင်နှုန်း လျော့ကျသွားပေမယ့် ကမ္ဘာတစ်ဝန်း ငှက်ဖျားရောဂါဖြစ်ပွားမှုပေါင်း သန်း ၂၀၀ ကျော်လောက် ရှိသေးတယ်”ဟု Forbes မဂ္ဂဇင်းက ဆိုထားသည်။

အမေရိကန်နိုင်ငံအတွင်း အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နည်းပညာလောကထဲက Oracle ကုမ္ပဏီတည်ထောင်သူ Larry Ellison သည် ပိုင်ဆိုင်မှု ဒေါ်လာ ၄၈ ဒသမ ၁ ဘီလီယံဖြင့် တတိယ နေရာတွင် ချိတ်ခဲ့ပြီး Facebook ပူးတွဲတည်ထောင်သူ အမှုဆောင်အရာရှိချုပ် Mark Zuckerberg သည် ပိုင်ဆိုင်မှု ၃၄ ဒသမ ၇ ဘီလီယံဖြင့် နံပါတ် ၁၁ နေရာတွင် ချိတ်ထားနိုင်ခဲ့သည်။
 CNET

0 comments:

Post a Comment