ပရိသတ်ကြိုပေးတဲ့ဆုနဲ့ ဝတ်မှုံရွှေရည် ရဲ့ အကယ်ဒမီရင်ခုန်သံ

ဒါရိုက်တာဝင်းထွန်းထွန်းရိုက်ကူးနေတဲ့ ‘ကလေးအတွေး’ ဇာတ်ကားကို ဝတ်မှုံရွှေရည်က လူမင်းနဲ့ အတူ သရုပ်ဆောင်နေပါတယ်။ အကယ်ဒမီပွဲလည်း နီးလာပြီဖြစ်တဲ့ အတွက် ဒီနှစ်မှာ လည်း ဝတ်မှုံရွှေရည်ရဲ့ ‘နင်စေရင်’ ရုပ်ရှင်ဇာတ်ကားကလည်း အကယ်ဒမီစာရင်းဝင်ဇာတ်ကား တစ်ကားဖြစ်တာကြောင့် ဒီနှစ် အကယ်ဒမီနဲ့ပတ်သက်ပြီး ဝတ်မှုံရွှေရည်က..

“ဒီနှစ်အကယ်ဒမီရင်ခုန်မှုကတော့ အမှန်တိုင်းပြောရရင်တော့ ကစ်ဘာသာကစ်ဆိုရင် အကယ်ဒမီ ဆုကို တအားကြီးလည်း မျှော်လည်း မမျှော်လင့်ရဲဘူး။ ဒါပေမဲ့ ပရိ သတ် တွေကရော၊ စာနယ်ဇင်းတွေကပါ ကစ်ကိုရစေချင်တယ်လို့ပြောရင်ကစ်ကြောက်လည်းကြောက်။ အသက်ရှူ လည်း ကျပ်တယ်။ အဲဒီလိုမျိုး ဖြစ်တယ်။ အမှန်တိုင်းပြော ရရင် မျှော်လင့်ပြီးမှ ဖြစ်မလာရင် တအား ခံစားရမှာစိုးလို့ မမျှော်တော့ မမျှော်လင့်ရဲပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကလည်း ကစ်ကို ရစေချင်တာ လေးတွေကြားရတဲ့အတွက်ေ တာ့ တအားကိုပျော်ပါတယ်။ အကယ်ဒမီ ဆုဆိုတာကလည်း တအားလည်း နတ်ကြီးတယ်။ ကံတရားနဲ့လည်း အများကြီးဆိုင်တဲ့အတွက်ကြောင့် မို့ ရရင်လည်း အတိုင်း မသိပျော်မှာပါ။ အခုချိန်မှာတော့ ပရိသတ်က ကြို ပေးတဲ့ဆုကိုတော့ ရနေပြီ။ အဲဒါကလည်း တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ တကယ်ဆုရခဲ့ရင်လည်း ကစ်အနေနဲ့ အတိုင်းမသိပါပဲ” လို့ ပြောပါတယ်။

ဝတ်မှုံရွှေရည်ကPillow Kit Hand Made ပစ္စည်းလေး တွေကို ပရိသတ်အ တွက် အမှတ်တရဖြစ် အောင်ထုတ်လုပ်ပေး ခဲ့ပြီး အောက်တိုဘာလ မှာလည်း Scarf လေးတွေ ကို ထပ်မံထုတ်လုပ် သွားမှာဖြစ်တယ်လို့ သိရ ပါတယ်။ Scarf ပစ္စည်း လေးမှာ ဝတ်မှုံရွှေ ရည်က သူ ကြိုက်နှစ် သက် တဲ့ ပစ္စည်းလေးတွေကို ဒီဇိုင်း လုပ်ထားပြီး သူ့ ရဲ့ အငွေ့အသက်လေး တွေ ပါအောင်ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

“ကစ်က အခု Pillow Kit လေးတွေထုတ်ပြီးပြီ ဆိုတော့ နောက်ထပ် Scarf လေးတွေကိုPre Launch အနေနဲ့ MEP ဒီဇိုင်နာရှိုးပွဲမှာ နှစ် ရက်Pre Launch အနေနဲ့ ဝယ်လို့ရတယ်။ အခုတော့အွန်လိုင်းမှာ လည်းမရောင်းသေး ဘူး။ ဘယ်မှာမှမရောင်း ဖြစ်သေးဘူး။အောက်တိုဘာလထဲမှာတော့အသိ ပေးမယ်။ ကစ်ကတော့ collection တစ်ခုအနေနဲ့ပါ။အများကြီး လည်းမလုပ်ထားပါဘူး။ ကိုယ့် ကို ချစ်တဲ့သူတွေ အတွက် ကစ်က ထုတ်တဲ့ပစ္စည်း လေးတွေအတွက် ကြောင့်မို့ သူတို့ အ တွက်လည်း ပိုပြီး တော့special ဖြစ်တယ်။ အဲ ဒီလို ရည် ရွယ်ချက် လေးနဲ့ ထုတ်ဖြစ် တာပါ။နိုင်ငံတကာ မှာဆိုရင်လည်း အနုပညာရှင်တွေက ရေ မွှေးတွေ၊ ဘာတွေ ထုတ်ကြတာ ပဲလေ။ အခု ထပ်ထုတ် မယ့်Scraf လေးဆိုရင် ကစ်ရဲ့ ငာေါန ကစ်ရဲ့ အငွေ့အသက်ကလေး တွေပါမယ်။ ကစ်ရဲ့ အိမ်က ခွေးလေး ဂူချီပုံလေးပါမယ်။ ကစ်အမြဲ တမ်းသုံးတဲ့ မှန်လေးတွေ၊ ကင်မရာလေးတွေ၊ နှုတ် ခမ်းနီပါမယ်။ အိတ် ကလေးတွေပါမယ်။ နှင်းဆီပန်းကြိုက်တော့ နှင်းဆီပန်းလေး တွေပါမယ်။ကစ်ကမိုးကုတ်ကဆိုတော့ မိုးကုတ် နဲ့ပတ် သက်တဲ့ ကျောက်မျက်ရတနာဒီဇိုင်းလေးတွေ Scarf ထဲမှာပါမယ်။ ကစ်ရဲ့ အငွေ့အသက်လေးတွေပါမှာပေါ့နော်။ ကစ်ကို ဆက်နွှယ်မှုဆက် စပ်မှုရှိမယ့်အရာမျိုးေ လးတွေပေါ့လေ။ ကစ်ဘာပဲလုပ်လုပ် ကစ်ရဲ့ ပရိသတ်ကိုပဲ အရင်ဆုံး ဦးစား ပေးစဉ်းစားပြီးတော့ ပရိသတ်အတွက်ပဲ ကြိုး စားပြီးလုပ်နေပါတယ်”လို့ပြောပါတယ်။
Popular

0 comments:

Post a Comment