အဘိုး ဖြစ်သူမှ မြေးအား ဘီလူးစီးသည်ဟု ထင်ကာ သတ်မှုဖြစ်ပွား


ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၈၆) ရပ်ကွက်တွင် အဘိုး ဖြစ်သူမှ အသက် နှစ်နှစ်အရွယ် မြေးမလေးအား ထမင်းခွံ့ကျွေးရာမှ လက်ကိုကိုက် သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်၍ နေအိမ်အောက် ရေအောက်ထဲတွင် သတ်ပစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်း ဌာနမှ သိရသည်။

 ယင်းမှုခင်းသည် စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်း ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် (၂၀/၁၄) ဖြင့် ရေးဖွင့်ထားခဲ့ သော်လည်း အသိ သက်သေများကို စစ်ဆေးရာမှ တစ်ဆင့် လူသတ်မှုဟု ယူဆသဖြင့် (၂၈) ရက် နေ့တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် စခန်းမှူးက တရားလိုပြု လုပ်တိုင်တန်း ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းတွင် ဖော်ပြ ထားသည်။

 ကျီစု သုသာန်ဘက်မှာ ဖြစ်တာ။ ကွက်သစ် ဆိုတော့ လူတွေ အသွားအလာ နည်းပြီး အိမ်တွေလည်း နည်းတယ်။ အခု အကုန်လုံး မှတ်တမ်း တွေကို တိုင်းမှုခင်းရုံးအပ်လိုက် ပါပြီ ဟု ဒဂုံ ဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦးက The  Messenger Media သို့ ပြောသည်။ သေဆုံးသူ နှစ်နှစ် အရွယ် ကလေးငယ်အား မိဘနှစ်ပါးမှ အဘိုးဖြစ်သူထံ အပ်နှံထားခဲ့ပြီး၊ ခရီးထွက် ခဲ့ကြောင်း ၊ စက်တင်ဘာလ (၂၅) ရက်နေ့  (၁း၀၀)နာရီ အချိန် တွင် ကလေးငယ်၏ ငိုသံကြားရ ပြီးနောက် အငိုသံတိတ် သွား၍ သွားရောက် မေးမြန်းရာ အဘိုး ဖြစ်သူမှ ထမင်းခွံ ကျွေးရာမှ ၎င်း၏ လက်အား ကိုက်သဖြင့် ဘီလူးစီးသည်ဟု ထင်မှတ်၍ နေအိမ်အောက် ရေထဲတွင် သတ်ပစ်ခဲ့ကြောင်း၊ နေအိမ်အောက် ရေထဲတွင်ရှိကြောင်း ပြောပြီး အလောင်းအား ရေထဲမှ ဆယ်ယူ ပြသခဲ့ကြောင်း၊ ၎င်း နောက် အဘိုး ဖြစ်သူမှ အလောင်းအား ရဲကျော်သူရလမ်း ဘေးတွင် ပစ်ထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် အရေးယူ ထားကြောင်း ရဲမှုခင်း တွင် ဖော်ပြထားသည်။ သူ့အဘိုးက အထင်မှား ပြီးသတ်တာလို့ သိရတယ်၊ အခု ဖမ်းထားပါပြီ ဟု ယုဇန ဥယျာဉ်မြို့တော် ရပ်ကွက်ဥက္ကဋ္ဌ ဦးအေးမြင့် က The  Messenger Media သို့ပြောသည်။  ယင်းမှုခင်း လူသတ်မှုအား ဒဂုံဆိပ်ကမ်း မြို့နယ် ရဲစခန်းမှ (ပ)၄၀၈/၁၄၊ ပြစ်မှု ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
Messenger

0 comments:

Post a Comment