အစိုးရထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့် အရ အယ်လ်ရှာဘတ် စစ်သွေးကြွ ၅၄၅ ဦး လက်နက်ချ

လွတ်ငြိမ်း ချမ်းသာခွင့်ကို လက်ခံပြီးနောက် လက်နက်ချခဲ့ကြသည့် အယ်လ်ရှာဘတ် စစ်သွေးကြွများ

ဆိုမာလီယာ နိုင်ငံ အတွင်းရှိ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့မှ ခေါင်းဆောင်တစ်ဦး သေဆုံး ခဲ့ပြီးနောက် အဆိုပါ အကြမ်းဖက် အဖွဲ့မှ အဖွဲ့ဝင် ၅၄၅ ဦးသည် အစိုးရက ထုတ်ပြန်သည့် လွတ်ငြိမ်း ချမ်းသာခွင့်ကို လက်ခံပြီးနောက် လက်နက်ချ ခဲ့ကြောင်း သိရသည်။ အယ်လ်ရှာဘတ် စစ်သွေးကြွ ခေါင်းဆောင် အာမက် အဗ္ဗဒီဂိုဒိန်း သည် အစိုးရတပ်ဖွဲ့ များနှင့် အပြန်အလှန် တိုက်ခိုက်မှု တစ်ရပ်၌ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၄င်း သေဆုံးပြီးနောက် စစ်သွေးကြွ အဖွဲ့ဝင် များသည် အဆိုပါအဖွဲ့ အတွင်းမှ ထွက်ပြေးသူ များပြား လာခဲ့သည်။

ထို့ပြင် အစိုးရတပ် များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့် စစ်သွေးကြွ အဖွဲ့ဝင် အများအပြား စိတ်ဓာတ် ပျက်ပြား လာခဲ့ရာမှ အစိုးရက ထုတ်ပြန် လိုက်သည့် ၄၅ ရက်ကြာ လွတ်ငြိမ်း ချမ်းသာခွင့်ကို လက်ခံ၍ လက်နက်ချ ခဲ့ကြခြင်း ဖြစ်သည်။ အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့သည် ၂ဝ၁၂ ခုနှစ်တွင် အယ်လ်ကိုင်ဒါ အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် ဈေးဝယ်စင်တာ စီးနင်း တိုက်ခိုက်မှု သည် ၄င်းအဖွဲ့၏ လက်ချက် ဖြစ်ကြောင်း သိရသည်။

ဆိုမာလီယာ နိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် အာဏာရှင် မိုဟာမက် ဆီယက်ဘာရီ ပြုတ်ကျပြီးချိန် မှစ၍ ပြည်တွင်းစစ် နှင့် အကြမ်းဖက် တိုက်ခိုက်မှု များနှင့် ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။

PyiChitThar

0 comments:

Post a Comment