ကိုယ်လုံးတီး ၀င်ကြည့်ခွင့်ပြုတဲ့ ငါးပြတိုက်



ဝတ်လစ်စားလစ် ပွဲတော် အစိတ် အပိုင်းတစ်ခု အနေဖြင့် အင်္ဂလန်နိုင်ငံရှိ Blue Reef ငါးပြတိုက် အတွင်းသို့ လာ ရောက် သူများအား ဝတ်လစ် စားလစ် ဖြင့် ဝင်ရောက်စေခြင်း သည် လတ်တ လော၌ ဆွဲဆောင်မှု တစ်ခုဖြစ်နေကြောင်း သိရသည်။ 

အင်္ဂလန်နိုင်ငံ ကွန်ဝေါလ် ဒေသရှိ အဆိုပါ ငါးပြတိုက်သို့ လာရောက် သူများ သည် ခေါင်းအစခြေအဆုံး အဝတ်တစ် ထည်မျှ ဝတ်ဆင်ထားခြင်း မရှိသော် လည်း ကျောပိုး အိတ် များနှင့် ဖိနပ်များ ကို ဝတ်ဆင် ထားသည်။ 

”ဝတ်လစ်စားလစ် ပွဲတော်က သေ ချာစီစဉ် ထားတဲ့ ပွဲတော် တစ်ခု ဖြစ်ပြီး ကြီး ကျယ် ခမ်းနားတဲ့ ပွဲတော် တစ်ခုပါ။ ကွန်ဝေါလ်ကို ထပ်လာရမှာ ဖြစ်လို့ ဝမ်းသာပါတယ်” ဟု ၄င်းဝါဒကို လက်ခံ သူ ဗြိတိန် အမျိုးသား အန်ဒရူးဝေါရှ် က ဆိုသည်။ 

ကွန်ဝေါလ်ဒေသ သည် ရေအောက် သယံဇာတ အလှအပများ ပေါကြွယ်ဝလှ သောဒေသ တစ်ခုဖြစ်ပြီး ပွဲတော်လာ ရောက်သူများ သည် နယူးပါရန် အား လပ်ရက် ဥယျာဉ် အနီးနေထိုင်ရင်း ငါး ဖမ်းခြင်း၊ ရေကူးခြင်းများ ပြုလုပ်နိုင် ကြောင်း သိရသည်။ Blue Reef ငါးပြ တိုက်သည် ဝတ်လစ်စားလစ် ပွဲတော် ကျင်းပရန် အတွက် လာရောက် သူများ အား တစ်နှစ်လျှင် တစ်ကြိမ် ဝတ်လစ်စား လစ်ဖြင့် လာရောက် ခွင့်ပြုသည်။

Popular Myanmar

0 comments:

Post a Comment