ရူးရူးမူးမူးချစ်ပြန်တဲ့ ရောဘတ်ပတ်တင်ဆင်

Twilight မင်းသား ရောဘတ် ပတ်တင်ဆင်က ဗြိတိန်အဆိုတော် မလေးFKA Twigs နဲ့ ရူးရူးမူးမူး ချစ်နေတယ်လို့ သိရပါတယ်။ သူက Twigs ကို ခရစ် စတင်းစတီးဝပ်ကို ချစ်ခဲ့တုန်းကလို အသည်းအသန်ဖြစ် နေကြောင်း သူငယ်ချင်းတွေကဆိုပါတယ်။ ရောဘတ်နဲ့ စတီးဝပ်ဟာ ၅ နှစ်ကြာလက်တွဲခဲ့ပေမယ့် စတီးဝပ်ရဲ့ ဖောက်ပြန်မှုကြောင့် လမ်းခွဲရခြင်းဖြစ်ပါတယ်။ စတီးဝပ် နဲ့ကွဲပြီးနောက် ဘယ်သူ့ကိုမှ အတည်တကျမချစ်ခဲ့ ပေမယ့် အခုတော့ သူတကယ်ချစ် မြတ်နိုးတဲ့သူတွေ့နေ ပါပြီ။FKA Twigs ရဲ့ နာမည်ရင်းက Tahliah Barneth ဖြစ်ပြီး သူတို့နှစ်ဦးက မိတ်ဆွေတွေဖြစ်ပြီး နောက် ချစ်သူဘဝသို့ လျင်လျင်မြန်မြန် ရောက်ခဲ့ ကြပါတယ်။

“ရောဘတ်က Twigs ကို အစွဲလမ်းကြီးစွဲ လမ်းနေ တယ်။Twigs ရဲ့အလှ၊ ဖန်တီးနိုင်စွမ်းနဲ့ ယုံကြည်မှုရှိခြင်း က သူ့ကိုဖမ်းစားထားတယ်။ လူပုံအလယ်မှ ထုတ် ကြွားဖို့ ဂုဏ်ယူနေလေရဲ့” လို့ သူငယ်ချင်းတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကားကာ Hollywoodlife.com မှာ ဖော်ပြထားပါတယ်။ ရောဘတ် က Twigs ကို အပေါင်း အသင်းတွေ နဲ့ တွေ့ဆုံမိတ်ဆက်ပေးခဲ့ပြီးTwigs တစ် ယောက်LA မှာ နေသားတကျ ဖြစ်ဖို့ ကူညီပေးလျက် ရှိပါတယ်။

Ref; zeenews.com

0 comments:

Post a Comment