စီးရီးအေတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသည့် ဟီဂူအင်ကို ဘင်နီတက်ဇ် ကာကွယ်ပြောကြား



စီးရီးအေ၌ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသည့် ဂွန်ဇာလို ဟီဂူအင်အပေါ် လတ်တလော ဝေဖန်မှုများနှင့် ပတ်သက်၍ နာပိုလီ နည်းပြ ရာဖာဘင်နီတက်ဇ်က ကာကွယ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

ရီးယဲမက်ဒရစ် တိုက်စစ်မှူးဟောင်း ဟီဂူအင်သည် ယခုနှစ် ဘောလုံးရာသီတွင် စီးရီးအေ၌ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသော်လည်း အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်ကြောင်း ဆိုခဲ့သည်။ “ဟီဂူအင်က စီးရီးအေမှာ ဂိုးမသွင်းနိုင်သေးပါဘူး။ ဒါပေမဲ့သူက ဂိုးဖန်တီးမှုတွေနဲ့ မတူကွဲပြားတာတွေကို လုပ်နိုင်ခဲ့ပါတယ်။ အသင်းမှာ ဂိုးသွင်းယူနိုင်တဲ့ ကစားသမားတွေ အများကြီးပါ” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

ယခုနှစ် ဘောလုံးရာသီတွင် အခက်အခဲများနှင့် ရုန်းကန်နေရသည့် နာပိုလီသည် တနင်္ဂနွေနေ့က ဆက်ဆူလိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၈ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အဆိုပါ နိုင်ပွဲသည် အသင်း၏ ကြိုးပမ်းအားထုတ်မှု၏ ဆုလဒ်ဖြစ်ကြောင်း ဘင်နီတက်ဇ်က ဆိုသည်။

“ဒါဟာ အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ဆုလဒ်တစ်ခုပါပဲ။ ကျွန်တော်တို့ဟာ နောက်ဆုံး ၁၀ မိနစ်အထိ ကြိုးပမ်းခဲ့ရတာပါ။ နိုင်ပွဲတိုင်းဟာ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို အထောက်အကူပြုပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ နိုင်ပွဲတွေ ဒီထက်ပိုရနိုင်တာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကစားပြီး အရေးပါတဲ့ အနိုင်သုံးမှတ် ရယူနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာလည်း အကောင်းဆုံး ကစားနိုင်ခဲ့သလို ဆက်ဆူလိုကလည်း အမြင့်ဘောတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက် ပိုကောင်းဖို့ လိုပါသေးတယ်။ ဒါပေမဲ့ ဒီနိုင်ပွဲအတွက် ကျေနပ်မိပါတယ်။ ကျွန်တော်တို့က ဒီနှစ်မှာ နိုင်ပွဲတွေပိုမိုရနိုင်တဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာကိုလည်း အားလုံးက သိထားပါတယ်” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။
soccer

0 comments:

Post a Comment