အီရတ်၊ အစ္စရေး၊ အီဂျစ် ခေါင်းဆောင်များနှင့်အမေရိကန်သမ္မတအိုဘားမား တွေ့ဆုံဆွေးနွေးမည်


အမေရိကန်သမ္မတအိုဘားမားက အီရတ်၊ အစ္စရေး၊ အီဂျစ်ခေါင်းဆောင်များ
နှင့် လာမည့်ရက်များအတွင်း နယူးယောက်မြို့၌ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။

နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့
နိုင်ငံ့ခေါင်းဆောင်များ ရောက်ရှိနေစဉ်အတွင်း အိုဘားမားသည် အီရတ်ဝန်ကြီးချုပ်
အယ်လ်အဘာဒီနှင့် စက်တင် ဘာ ၂၄ရက်တွင် တွေ့ဆုံသွားမည်ဟု သိရသည်။
အီရတ်နှင့် ဆီးရီးယားနိုင်ငံတွင် တိုက်ခိုက်နေသည့် အစ္စလာမ္မစ် စစ်သွေးကြွများကို
တိုက်ခိုက်ရေးတွင် နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့၍ တိုက်ခိုက်သွားရန် အမေရိကန်က
ကြိုးပမ်းနေမှုကြောင့် အဆိုပါ ဆွေးနွေးပွဲကျင်းပခဲ့ရခြင်းဖြစ်သည်။

သမ္မတအိုဘားမားသည် အီဂျစ်သမ္မတ အယ်လ်စီစီနှင့်လည်းကောင်း၊
အီသီယိုးပီးယားဝန်ြကီးချုပ်နှင့်လည်းကောင်း၊ စပိန်ဘုရင်နှင့်လည်းကောင်းနယူးယောက်
တွင် တွေ့ဆုံကြမည်ဟု သိရသည်။

လာမည့် သီတင်းပတ်တွင် အမေရိကန်သမ္မတအိုဘားမားသည် အစ္စရေး
ဝန်ကြီး ချုပ် နေတန်ရာဟုနှင့်လည်း ၀ါရှင်တန်မြို့တွင် တွေ့ဆုံမည်ဟု သိရသည်။
အစ္စရေးတို့သည်ဟားမတ်စ် တို့နှင့် ယခုနှစ်အတွင်း ပြဿနာရပ် များပေါ်
ပေါက်ခဲ့ပြီးနောက်အမေရိကန်သမ္မတ အိုဘားမားနှင့် အစ္စရေးဝန်ြကီးချုပ် နေတန်
ရာဟုတို့အကြား ဆက်ဆံရေးမှာ ဆိုးရွားလာနေကြောင်းသိရသည်။ အစ္စရေးတို့က
ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ မှုကြောင့် အရပ်သား အများ အပြား သေဆုံးခဲ့မှုကို
အမေရိကန်က ထောက်ပြပြောဆိုခဲ့သည်။

အေပီ

0 comments:

Post a Comment