Galaxy Alpha ထက် iPhone နှင့် ပိုတူသည်ဟု ဆိုသည့် Samsung Galaxy A5 ၏ ဓာတ်ပုံများထွက်ပေါ်လာ









SamMobile မှ ရရှိခဲ့သည့် ဓာတ်ပုံများအရ Samsung ရဲ့ Galaxy Alpha ၏ နောက်ထပ်မျိုးဆက် အသစ်ဖြစ်လာမည့် Galaxy A5 ရဲ့ ပုံများဟာ Alpha မျိုးဆက်သစ်ဆိုသည်ထက် iPhone 5S နှင့် ပိုပြီးနီးစပ်သွာတူညီနေခဲ့ပါတယ်။


တရားဝင်ထွက်လာတဲ့ ပုံများအရ Alpha နှင့် ဆင်တူခြင်းထက် ယခုကဲ့သို့ iPhone နှင့် ဆင်တူနေခြင်းဖြစ်နေသောလည်း အမှန်တကယ် လက်ထဲကို ရောက်ရှိလာခြင်း မရှိသေးလို့ တကယ်အစစ်အမှန်လို့တော့ ယူဆလို့ မရနိုင်သေးပါဘူး။

သို့ပေမယ့်လဲ Galaxy A5 ရဲ့ ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယံကိုယ်ထည်ကို အသုံးပြုထားတာကို ကြည့်ခြင်းဟာဖြင့် ယခင် iPhone မျိုးဆက်များနှင့် ဆင်တူနေခဲ့ခြင်းဖြစ်ပါတယ်။ SamMobile မှ ရရှိခဲ့သည့် ပုံအရ အဆိုပါ A5 စမက်ဖုန်းဟာ စက်ရုံထုတ်နာမည် SM-A500 ဖြစ်ပြီး အလူမီနီယံကိုယ်ထည့်ကို အသုံးပြုထားကာ အမှန်တကယ် အလူမီနံယံလား ၊ ပလစ်စတစ်လားဆိုတာ ကတော့ မရှင်းလင်းသေးပါဘူး။

ဓာတ်ပုံများအရ Galaxy A5 ဟာ မျက်နှာပြင်အကျယ် ၅ လက်မ HD အရွယ်အစားရှိပြီး ကင်မရာ 13 MP ပါရှိကာ Galaxy Note 4 ပေါ်မှာ အသုံးပြုထားသည့် TouchWiz Android interface ကို အသုံးပြုမှာ ဖြစ်ပါတယ်။ အလယ်လတ်အဆင့်သာ ရှိသည့် Snapdragon 400 processor ကို အသုံးပြုထားပြီး ဘထရီစနစ်ကတော့ 2330 mAh ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဖုန်းတွင်းမှတ်ညဏ်ကတော့ 16 GB နှင့် ရှေ့မျက်နှာပြင်ကင်မရာ 5 MP ပါရှိမှာ ဖြစ်ပါတယ်။

Source : pocket-lint

‪‎YangonMediaGroup‬

0 comments:

Post a Comment