မန္တလေးတွင်သမ္မတဦးသိန်းစိန်ကိုထောက်ခံဆန္ဒပြ










ဒီနေ့ မန္တလေးမြို့ ၆၂ လမ်း ပြည်သူ့ ဟစ်တိုင်ကွင်းမှာ သမ္မတဦးသိန်းစိန်ကို ထောက်ခံတဲ့ဆန္ဒပြပွဲတခုကျင်းပခဲ့ပါတယ်။ သူတို့ ဟာဘယ်အဖွဲ့ အစည်း ဘယ်နိုင်ငံရေးပါတီကမှမဟုတ်ပဲသာမန်ပြည်သူတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေအောင်မြင်နေတာကိုထောက်ခံတဲ့အနေနဲ့ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ဦးစိန်မင်း ကပြောပါတယ်။

လူအင်အား ၁၀၀ ခန့် နဲ့ဆန္ဒပြခဲ့ ကြတာဖြစ်ပြီး…နိုင်ငံတကာမှအသိအမှတ်ပြု
ထောက်ခံအားပေးနေတာသမ္မတဦးသိန်းစိန်၊နိုင်ငံရေးအကျဉ်းသားများကို အကြိမ်ကြိမ်လွှတ်ပေးနေတာသမ္မတဦးသိန်းစိန်၊တောင်သူလယ်သမားများမြေယာပြသနာများဖြေရှင်းပေးနေတာသမ္မတကြီးဦးသိန်းစိန်၊ကုန်ဈေးနှုန်းကျဆင်းအောင်ဆောင်ရွက်ပေးနေတာသမ္မတကြီးဦးသိန်းစိန်၊သမ္မတကြီးဦးသိန်းစိန်နိုင်ငံတော်ကိုဆက်လက်ဦးဆောင်ပေးရေး ဒို့ အရေးစတဲ့ကြွေးကြော်သံများ
ဆိုင်းဘုတ်များကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီးဆန္ဒပြသူများထဲမှ အမျိုးသမီးတချို့က
လည်း မိမိတို့ ထောက်ခံမည့်သူနာမည်ကို အချင်းချင်းမေးနေကြတာကိုလည်း တွေ့ ခဲ့ရပါတယ်။

ဧရာဝတီ

0 comments:

Post a Comment