ဓမ္မစေတီခေါင်းလောင်း တူးဖော်ရှာဖွေရေးသင်္ဘောငှားရမ်းခ ၁၂၅ သိန်း ပေးချေရ


ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရာတွင် နားနေတည်းခိုရန်
ငှားရမ်းအသုံးပြုခဲ့သည့် သုံးထပ်သင်္ဘော (ဗညားလတ်)ကို ငှား
ရမ်းသည့် သတ်မှတ်ရက်မပြည့်သေးသော်လည်း သောင်တူး
သင်္ဘောကိုပြန်သိမ်းပြီးဖြစ်သည့်အတွက် ခေါင်းလောင်းရှာဖွေရေး
လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေသောကြောင့်
စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြည်တွင်းရေကြောင်း
ပို့ဆောင်ရေးဌာနသို့ လာရောက်အပ်နှံခဲ့ကြောင်း ယင်းဌာနမှ သိရ
သည်။

ဌာနမှ သတ်မှတ်ထားသောဈေးနှုန်းများအရ စာချုပ်စာတမ်းများနှင့် ငှားရမ်း
ရာတွင် ငှားရမ်းသည့် ရက်၊ ဆီဖိုး၊ အင်ဂျင်ဝိုင်ဖိုး၊ ရေယာဉ်မောင်းနှင့် စက်မောင်း
များလည်း ပါဝင်သည့်အတွက် ကုန်ကျစရိတ်စုစုပေါင်း ပျမ်းမျှ ကျပ်၁၂၅ သိန်း
ကျော်ပေးသွင်းခဲ့ကြောင်း၊ ဦးစံလင်းဦးဆောင်သော ခေါင်းလောင်းရှာဖွေရေး
အဖွဲ့က ဌာနသို့ သင်္ဘောလာရောက်ငှားရမ်းရာတွင် လူနေထိုင်ရန်၊ ဘုရားကျောင်း
ဆောင်အဖြစ် အသုံးပြုရန်အတွက် ယင်းသုံးထပ်သင်္ဘောကို ငှားရမ်းပေးခဲ့ခြင်း
ဖြစ်ကြောင်း၊ ရက်အပိုင်းအခြား ငါးပိုင်းခွဲ၍ ငှားရမ်းခဲ့ရာတွင် နောက်ဆုံး သတ်
မှတ်ရက်မှာ စက်တင်ဘာ ၂၇ ရက် ဖြစ်ကြောင်း၊ယင်းသင်္ဘောကိုရန်ကုန်- လပွတ္တာ၊
ရန်ကုန်-မော်ကျွန်းစသည့် ရေကြောင်းခရီးများတွင် ခရီးသည်ပို့ဆောင်ရေး
ယာဉ်အဖြစ် ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရ
သည်။

'သောင်တူးသင်္ဘောသိမ်းလိုက်တော့ အလုပ်ဆက်လုပ်လို့ မရတော့ဘူး။
ရှာဖွေမယ်ဆိုတဲ့နေရာကို သြဂုတ် ၈ရက်နေ့မှာ ရောက်တယ်။ သင်္ဘောပေါ်မှာဆို
ဖုန်းတွေသိမ်းထားတယ်။ ဘုရားရှိခိုး၊သက်သတ်လွတ်စား၊ တရားထိုင်ရတယ်'
ဟု သုံးထပ်သင်္ဘော(ဗညားလတ်)မှ ရေယာဉ်မောင်း ဦးလှဦးက ပြောဆိုသည်။

ငှားရမ်းစက ဦးစံလင်းအပါအ၀င်လူဦးရေ ၈၀ ရှိပြီး စက်တင်ဘာ ၂၃ ရက်
နံနက်ပိုင်း သင်္ဘောပြန်အပ်ချိန် တွင်ဦးစံလင်းအပါအ၀င် ရေငုပ်အဖွဲ့မှ သုံးဦး၊
ချက်ပြုတ်သူများ၊ စကိုင်းနက် မီဒီယာမှရိုက်ကူးရေးသမားအချို့အပါအ၀င် ၂၂ ဦး
သာကျန်ရှိတော့ကြောင်း၊ အလှူရှင်ဦးဝင်းမြင့်မှာ စက်တင်ဘာ ၆ရက်တွင်
မော်တင်စွန်းသွားမည်ဟုဆိုကာ သင်္ဘောပေါ်မှဆင်းသွားခဲ့ကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုကို ရက်ပေါင်း ၄၄ရက်အကြာ ပြုလုပ်ခဲ့
ရာတွင် ကျပ်သိန်း၇၀၀ ၀န်းကျင်သုံးစွဲသော်လည်း သောင်တူးသင်္ဘောကို
စက်တင်ဘာ၂၀ရက်ညနေပိုင်းက ရုပ်သိမ်းပြီး နောက် ၂၃ ရက်တွင်သုံးထပ်သဘောင်္
ကိုလည်း ပြန်လည်အပ်နှံပြီးဖြစ်သည့်အတွက် ခေါင်းလောင်းရှာဖွေရေး
လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဟု ယူဆရသော်လည်း ဦးစံလင်းအနေဖြင့် သတင်း
စာရှင်းလင်းခြင်း ပြုလုပ်သည့် အခါမှသာပြောဆိုနိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ
၂၃ ရက် ညနေ ၃ နာရီခန့်က စံတော်ချိန်၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ
ကြားခဲ့သည်။
စံတော်ချိန်

0 comments:

Post a Comment