အယ်လ်ဂျီးရီးယား နိုင်ငံတွင် ပြင်သစ် ခရီးသွား တစ်ဦးကို လက်နက်ကိုင် အုပ်စုက ပြန်ပေးဆွဲ

Algeria Hunts For Kidnapped Frenchman, Paris Says No Deals


အယ်လ်ဂျီးယားစ် ၊ ၂၄-၉-၂၀၁၄

အယ်လ်ဂျီးရီးယား နိုင်ငံ မြောက်အလယ်ပိုင်း ဒေသတွင် လှည့်လည် သွားလာလျက် ရှိသော ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည် တစ်ဦးကို ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ဆက်စပ်နေသော လက်နက်ကိုင် အုပ်စုက စက်တင်ဘာ ၂၂ ရက်တွင် ပြန်ပေးဆွဲ ခဲ့ကြောင်း ၄င်းအုပ်စုက အင်တာနက်ပေါ် တွင် ရေးသား ဖော်ပြ ထားကြောင်း သိရသည်။

အဆိုပါ ပြင်သစ်နိုင်ငံသား ခရီးသွားသည် အဆိုပါ ဒေသတွင် သူငယ်ချင်းများ နှင့် လမ်းလျှောက် နေစဉ် လက်နက်ကိုင် အုပ်စု၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရဖွယ် ရှိကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက စက်တင်ဘာ ၂၂ ရက် အစောပိုင်းတွင် ထုတ်ဖော် ပြောကြား ခဲ့သည်။

သတင်းဌာနများက ယင်းကဲ့သို့ ထုတ်ဖော် ပြောကြား ချိန်တွင် လက်နက်ကိုင် အုပ်စုသည် ပြန်ပေးဆွဲ ခံရသည့် ပြင်သစ် နိုင်ငံသား တစ်ဦးကို လက်နက်ကိုင် နှစ်ဦးနှင့် မျက်နှာဖုံးစွပ် အမျိုးသား များက ဝိုင်းရံထားသည့် ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက် ဝက်ဘ်ဆိုက် ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မျက်နှာဖုံးစွပ် အမျိုးသား တစ်ဦးက ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒ် အား အီရတ်နိုင်ငံ တွင် စစ်ရေးအရ ကြားဝင် စွက်ဖက်ခြင်း ကို လာမည့် ၂၄ နာရီအတွင်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပြီး ရပ်တန့်ခြင်း မရှိပါက ၄င်း အမျိုးသားအား ခေါင်းဖြတ် ကွပ်မျက်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရသည်။

Algerian troops hunt for French hostage


အဆိုပါ လက်နက်ကိုင် အုပ်စုသည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ နောက်လိုက်များ ဖြစ်ပြီး အနောက်နိုင်ငံ များကို ပစ်မှတ်ထား တိုက်ခိုက်သည့် အနေဖြင့် ပြင်သစ် နိုင်ငံသားကို ပြန်ပေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း လက်နက်ကိုင် အုပ်စုမှ ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြောကြား ခဲ့သည်။

အယ်လ်ဂျီးရီးယား နိုင်ငံတွင် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ပြင်သစ် နိုင်ငံသား တစ်ဦး ပြန်လည် လွတ်မြောက်ရေး အတွက် စေ့စပ်ဆွေးနွေး ခြင်းများ ပြုလုပ်သွားမည် မဟုတ်ဟု ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် မန်နျူရယ်ဗော်လ်စ် (ပုံ) က ပြင်သစ်ရေဒီယို ၌ ပြောကြား ခဲ့သည်။

ပြင်သစ်အစိုးရ သည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းမှ စ၍ အီရတ်နိုင်ငံ အတွင်း အကြမ်းဖက် တိုက်ခိုက်လျက် ရှိသည့် ISIS အစ္စလာမ္မစ် စစ်သွေးကြ များအပေါ် လေကြောင်းမှ တိုက်ခိုက် ခဲ့ကြောင်း၊ သို့ရာတွင် ၄င်းတို့ အနေဖြင့် ဆီးရီးယား နိုင်ငံအတွင်း ၌ ယင်းသို့သော တိုက်ခိုက်မှု များကို လုပ်ဆောင် သွားမည် မဟုတ်ကြောင်း ပြင်သစ် အာဏာပိုင် များက ပြောကြားခဲ့သည်ဟု သိရှိရသည်။

PyiChitThar

https://www.youtube.com/watch?v=g1Ln67rW_Oo

http://article.wn.com/view/2014/09/23/Algerian_troops_search_for_kidnapped_Frenchman_g/

0 comments:

Post a Comment