50 Cent နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့တဲ့ ရဲဝန်ထမ်းတွေ စစ်ဆေးအပြစ်ပေးခံရ

ဖလော်ရီဒါ ပြည်နယ်၊ Three Palm ကမ်းခြေ က နယ်ထိန်း ရဲ့ လက်အောက်ခံ ရဲဝန်ထမ်းတွေဟာ ရပ်ပါ 50 Cent နဲ့ အတူ ဓါတ်ပုံ တွဲရိုက်ခဲ့တဲ့ အတွက် စစ်ဆေး အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။ CBS Miami သတင်းတွေအရတော့ ရဲဝန်ထမ်းတွေဟာ ရပ်ပါ 50 Cent နဲ့ သူတို့ရဲ့နယ်မြေ တရားရုံးမှာ နိုင်ငံသား ဥပဒေ ကိစ္စရပ်အတွက် လာရောက်စဉ် က ဓါတ်ပုံတွဲရိုက်ခဲ့ခြင်း ဟာ Professional မဆန်တဲ့ အတွက် Verber Counseling ဆိုတဲ့ နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး မှတ်တမ်းယူထားကာ နောက်တစ်ကြိမ်ဆို ရာထူးမှ ဖယ်ရှားမယ့် အပြစ်ပေးခြင်းတစ်မျိုးကို ခံခဲ့ရပါတယ်။မှတ်တမ်းထဲမှာတော့ ထိုရဲဝန်ထမ်းတွေဟာ ညံ့ဖျင်းတဲ့ရှုထောင့်နဲ့ ကြားနေ၀ါဒကင်းမဲ့ပြီး သူတို့ရဲက သတ်မှတ်တာဝန်တွေကို ပျက်ကွက်ခဲ့ကြတဲ့အတွက် အပြစ်ပေးခံရတာ ဖြစ်တယ်လို့ဆိုထားပါတယ်။

Ref:xxlmag.com
Trend

0 comments:

Post a Comment