ပိုင်နက်အတွင်းသို့ ၀င်ရောက်လာသည့် ဆီးရီးယား တိုက်လေယာဉ်ကို အစ္စရေးနိုင်ငံက ပစ်ချ

ပစ်ချခြင်းခံရသည့် ဆူခွိုင် အမျိုးအစား ဆီးရီးယား ဂျက်တိုက်လေယာဉ်
အစ္စရေးနိုင်ငံ သည် ၄င်းတို့ ထိန်းချုပ် ထားသည့် ပိုင်နက် အတွင်းသို့ ဝင်ရောက် လာသည့် ဆီးရီးယား တိုက်လေယာဉ် တစ်စင်းကို ယမန်နေ့တွင် ပစ်ချ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်လေယာဉ် သည် ဆီးရီးယား နှင့် ရုရှား ပူးတွဲ ထုတ်လုပ် ထားသည့် ဆူခွိုင်း အမျိုးအစား တိုက်လေယာဉ် တစ်စင်း ဖြစ်ပြီး ၄င်းသည် အစ္စရေးတပ် များကထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့်ဒေသ အတွင်းသို့ ဝင်ရောက် လာခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းသို့ ဝင်ရောက် လာခြင်းသည် မတော်တဆ ဝင်ရောက် လာခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ သို့သော် ယင်း လေယာဉ်ကို အစ္စရေးတပ် များက Patriot ဒုံးကျည် ကာကွယ်ရေး စနစ်ကို အသုံးပြု၍ ပစ်ချ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ဆီးရီးယား တိုက်လေယာဉ် တစ်စင်းကို အစ္စရေး တပ်ဖွဲ့များက ပစ်ချ ခဲ့ခြင်းသည် ဆယ်စုနှစ် သုံးစုအတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး အဆိုပါ ပစ်ချခံခဲ့ ရသည့် လေယာဉ်သည် အစ္စရေးနိုင်ငံ နယ်စပ်အနီးရှိ ကွန်နီထရာမြို့ အပြင်ဘက် တွင် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် ပစ်ချခံခဲ့ ရခြင်း ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့က ပြောကြား ခဲ့သည်။

အစ္စရေး နိုင်ငံသည် ဆီးရီးယား လေယာဉ်ကို နောက်ဆုံး အကြိမ်အဖြစ် ၁၉၈၅ ခုနှစ်တွင် ပစ်ချခဲ့ပြီး လက်ဘနွန် နိုင်ငံ လေပိုင်နက် အတွင်း ကင်းလှည့် စစ်ဆေး နေသည့် အစ္စရေး တိုက်လေယာဉ် များအနီးသို့ ချဉ်းကပ် လာသည့် ဆီးရီးယား တိုက်လေယာဉ် နှစ်စင်းကို အစ္စရေး လေယာဉ်များက ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

PyiChitThar

0 comments:

Post a Comment