အီဘိုလာဗိုင်းရပ်စ်ကြောင့်အသေခံဗုံးဖောက်ခွဲမှုများကြောင့်သေဆုံးသူ ၂၈၁၁ ဦးထိရှိလာခဲ့


အနောက်အာဖရိကတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့မှု
ကြောင့် လူပေါင်း၂၈၁၁ ဦးသေဆုံးခြဲ့ပြီဖစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက
စက်တင်ဘာ ၂၂ ရက်တွင် ကြေညာလိုက်သည်။ သို့သော် ဆီနီဂေါနှင့် နိုင်ဂျီးရီးယားနိုင်ငံ
တို့တွင် အီဘိုလာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေမှုကို ထိန်းချုပ်စပြုလာနိုင်ပြီဟု သိရသည်။

အီဘိုလာအရေးပေါ် ကော်မတီ နောက်ဆုံးအစည်းအဝေးတွင် ကမ္ဘာ့ ကျန်းမာရေး
အဖွဲ့ကြီး ထုတ်ပြန်ချက် များအရ အနောက်အာဖရိကနိုင်ငံ ငါးနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်
ရောဂါ ဖြစ်ပွားသူ ၅၈၆၄ ဦး၊ စက်တင်ဘာ ၁၈ ရက်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၄ ရက်အထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ
၂၆၃၀ ရှိခဲ့ပြီဟု ပြောဆိုသည်။

ယခုနှစ်ပိုင်းမှ စတင်၍ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ဂီနီနိုင်ငံတွင် စတင်ဖြစ်
ပွားခဲ့ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဆီရာလီယွန်နှင့် လိုင်ဘေးရီးယားနိုင်ငံများသို့ပါ
ပျံ့နှံ့လာခဲ့သည်။လိုင်ဘေးရီးယားနိုင်ငံမှာအီဘိုလာဗိုင်းရပ်စ် ရောဂါကို ဆိုးဆိုးရွားရွား
ခံစားခဲ့ရသည့်အတွက် ရောဂါဖြစ်ပွားသူ ၃၀၂၂ ဦးအနက် သေဆုံးသူ ၁၅၇၈ ဦးရှိခဲ့သည်။

ထိုအချိန်မှာပင် အီဘိုလာဗိုင်းရပ်စ်ရောဂါမှာ ဆီနီဂေါနိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံ
တို့တွင် ထပ်မံဖြစ်ပွားခဲ့ရာ အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့
ကျန်းမာရေးအဖွဲ့က ပြောဆိုသည်။ အီဘိုလာအရေးပေါ်ကော်မတီ အစည်းအဝေးက
အီဘိုလာရောဂါသည်များအနေဖြင့် ခရီးသွားလာခွင့်ကိုပါ ပိတ်ပင်သင့်ကြောင်း
ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ 

အေအက်ဖ်ပီ

0 comments:

Post a Comment