ဒဏ်ရာရခြင်းမှာ အိပ်မက်ဆိုးတစ်ခုပင်ဖြစ်ဟု ကာရိုးလ်ပြော

ဒဏ်ရာရခြင်း မှာအိပ်မက် ဆိုးတစ်ခု ပင်ဖြစ်ကြောင်း ၀က်စ်ဟမ်းတိုက်စစ်မှူး ကာရိုးလ်ကပြောကြားခဲ့ပြီးခွဲစိတ် ကုသမှုခံယူပြီးနောက်မကြာမီတွင် လေ့ကျင့် ခန်းပြန်ဆင်းနိုင်ရန် မျှော်လင့်နေသည်။


ဓာတ်ပုံ - BBC

အသက် ၂၅ နှစ်အရွယ်ရှိ ကာရိုးလ်သည် ခြေကျင်းဝတ်ဒဏ်ရာကို ဇူလိုင်လအတွင်းက အမေရိကန်တွင်ခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခု အခါ ပြေးလွှားနိုင် ပြီဖြစ် ကာ ဒီဇင်ဘာတွင် ပြန်ကစားနိုင် ရန်ရှိနေသည်။ "ကျွန်တော် တော်တော်လေး ခံစားခဲ့ ရတယ်။ ကျွန်တော်နောက်ဆုံးရှိနေ တဲ့နေရာကကုသခန်းထဲမှာပါ။လူ ငယ်လေးတွေ ကစားနေတာကို နေ့တိုင်းထိုင်ကြည့်ခဲ့ရတယ်။ ဒါက အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ကျွန်တော်လုပ်ချင်တာကို သူတို့လုပ်ပြခဲ့ကြတယ်"ဟုကာရိုးလ် ကပြောသည်။ ၂၀၁၆-၁၇ ဘောလုံးရာသီတွင်ပရိသတ် ၅၄၀၀၀၀င်ဆံ့သည့်အိုလံပစ်ကွင်းသို့ဝက်စ်ဟမ်းအသင်းပြောင်းရွှေ့မည့် အစီအစဉ်အသေးစိတ်ကြေ ညာခြင်းအခမ်းအနားတွင် ကာရိုးလ်ကပြောခြင်းဖြစ်သည်။

နယူးကာဆယ်နှင့် လီဗာပူးလ် တိုက်စစ်မှူးဟောင်း ကာရိုးလ်က၎င်း ၏ဒဏ်ရာအခြေ အနေမှာတိုး တက်ကောင်းမွန် နေပြီဖြစ်ကြောင်း၊ မျှော်မှန်း ထားသည့် အချိန်ထက် စော၍ ပြေးလွှားနိုင်ပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဆယ်ရက်ခန့် ကတည်းက ပြေးလွှားနိုင်ခြင်း ဖြစ်ကြောင်း ဖြည့်စွက်ပြော ဆိုသည်။ ၎င်းသည် ၂၀၁၃ ဇွန်တွင် လီဗာပူးလ်မှ ၀က်စ်ဟမ်းသို့ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့်ပြောင်းရွှေ့ခဲ့ သူဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

0 comments:

Post a Comment