အိန္ဒိယကို သြစတြေးလျက ယူရေနီယံ ရောင်းချမည်


သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အဘော့က ယူရေနီယံကို အိန္ဒိယကို ရောင်းချနိုင်မယ့် အရပ်ဘက်လုပ်ငန်းသုံး နျူးကလီးယား သဘောတူညီချက်ကို စက်တင်ဘာလ ၅ ရက်နေ့မှာ လက်မှတ်ထိုး လိုက်ပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ စွမ်းအင် မလုံလောက်မှု ပြဿ နာတွေနဲ့ ရင်ဆိုင်နေရတဲ့ အာရှစီးပွားရေး အင်အားကြီး အိန္ဒိယအတွက် လောင်စာ ပိုရစေမယ့် သဘောတူချက်ဖြစ်ပါတယ်။ စာချုပ်အရ သြစတြေလျဆီက ယူရေနီယံကို အိန္ဒိယကို ရောင်းနိုင်မှာဖြစ်ပါတယ်။

သြစတြေးလျဝန်ကြီးချုပ်ရဲ့ ၂ ရက်တာ ခရီးစဉ်ကို အိန္ဒိယ ၀န်ကြီးချုပ် နိုင်ငံတော် အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပြီး ခေါင်းဆောင်နှစ်ယောက်ဟာ နယူးကလီးစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေး သဘောတူညီချက်အတွက် ဆွေးနွေးလက်မှတ်ထိုး ခဲ့ကြတာပါ။

သြစတြေးလျ ၀န်ကြီးချုပ်က မိုးဒီ ရော၊ သူပါ အခြေခံ အဆောက်အဦ ၀န်ကြီးချုပ်ဆိုပြီး နာမည်တွင်ကျန်ရစ်စေချင်တယ်လို့ ပြောပါတယ်။ ဒါအပြင် အိန္ဒိယနဲ့ သြစတြေးလျတို့ အပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေးကို မြှင့်တင်ဖို့ လိုလားတယ်လို့ သူရဲ့ မိန့် ခွန်းမှာ ပြောပါတယ်၊ နှစ်နိုင်ငံကြားမှာ ကျယ်ပြန့်တဲ့ စီးပွားရေးမဟာမိတ်ဖွဲ့ပြီး ၂၀၁၆ နှစ်ကုန်ပိုင်းမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှု အချောသတ်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

အိန္ဒိယမှာ အသုံးပြုနေတဲ့ စွမ်းအင်ရဲ့ ၃ ရာခိုင်နှုန်း နျူးကလီးယား စွမ်းအင်ကနေ ထုတ်ယူနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ အနာဂတ်မှာ နျူးကလီးယား စွမ်းအင်ကို အဓိက အားထားသွားဖွယ် ရှိပါတယ်။

လောလောဆယ်မှာ အိန္ဒိယလူဦးရေ သန်း ၁၂၀၀ ထဲမှာ လေးပုံတပုံဟာ လျပ်စစ်မီး မဆိုစလောက်၊ ဒါမှမဟုတ် လုံးဝမရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ၀န်ကြီးချုပ်သစ် ဖြစ်လာတဲ့ မိုဒီက ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းဖို့် ကတိပြုထားပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment