Samsung Galaxy Tab 4 (8.0 inch) (Tablet Review)


အလျား ၈.၂၇ လက်မ၊ အနံ ၄.၈၈ လက်မနှင့် အထူ ၀.၃၁ လက်မသာ ရှိသည့်အတွက် ပါးလွှာမှုရှိပြီး ကိုယ်ထည်ဒီဇိုင်းလည်း ကျစ်လျစ်မှုရှိသည်။ ပါဝါခလုတ်၊ အသံအတိုးအကျယ် ခလုတ်များကို ညာဘက်ဘောင်ပေါ် ၌ ထည့်သွင်းထားပြီး နားကြပ်ပေါက်ကို ထိပ်ဖက်နားတွင် ထည့်သွင်းထားသည်။ microUSB အားသွင်းပေါက်သည် အောက်ဘက်ဘောင်တွင် ထည့်သွင်းထားသည်။ အလေးချိန် ၃၂၀ ဂရမ်သာ ရှိသည့် အတွက် ရေရှည်ကိုင်တွယ် အသုံးပြုမှုအတွက် ကောင်းမွန်မည်ဖြစ်သည်။ TFT LCD အမျိုးအစား Capacitive Toucscreen ကို အသုံးပြုထားပြီး resolution 1280x800 pixels အထိ အပြည့်အဝ ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ မြင်ကွင်းအကျယ် ဒေါင့်ဖြတ်အတိုင်းအတာ ၈.၀ လက်မရှိပြီး Multitouch စနစ်လည်း ထောက်ပံ့ပါဝင်မည်ဖြစ်သည်။


စွမ်းဆောင်ရည်
Quad-core 1.2GHz အမျိုးအစား CPU ကို ထည့်သွင်းထားပြီး ဂရပ်ဖစ်စနစ် သီးခြားပါဝင်မှု မရှိသည့်အတွက် Built-in ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ မှတ်ဉာဏ်ပမာဏ 1.5GB RAM ပါဝင်ပြီး အချက်အလက် သိုလှောင်မှုအတွက် 16GB Internal Storage ပါဝင်သည့်အပြင် microSD ဖြင့် 64GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ Android OS အမျိုးအစားသည် v4.4.2 (KitKat) ဖြစ်ပြီး Accelerometer sensors ၊ GPS ၊ WiFi ၊ Bluetooth v4.0 စနစ်များ ထောက်ပံ့ ပါဝင်မည်ဖြစ်သည်။

ကင်မရာနှင့် ဘက်ထရီ Resolution
2048x1536 pixels ပမာဏ ပုံရိပ်ဖော်ဆောင်ပေးနိုင်သည့် 3.15MP အမျိုးအစား နောက်ကင်မရာကို တပ်ဆင်ထားပြီး ဗီဒီယိုကို 720p အရည်အသွေးဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။ ရှေ့တွင်တပ်ဆင်ထားသည့် ကင်မရာသည် 1.3MP အမျိုးအစားဖြစ်သည်။ 4450 mAh ပမာဏရှိသော Li-Po အမျိုးအစား ဘက်ထရီကို ထည့်သွင်းထားပြီး non-remobable ဘက်ထရီဖြစ်သည်။ ဘက်ထရီဖြင့်ပင် သီချင်းနားထောင်ခြင်းကို နာရီပေါင်း ၁၄၁ နာရီခန့် အသုံးပြုနိုင်မည်ဖြစ်သည်။

အားသာချက်
Tab 4 မှာ ထောက်ပံ့ပါဝင်သည့် navigation စနစ်သည် multi-window အသုံးပြုမှုကို ချောမွေ့ကောင်းမွန်စေမည်ဖြစ်သည်။ စွမ်းဆောင်ရည်ပိုင်းမြန်ဆန်ကောင်းမွန်မှုရှိပြီး microSD ကတ်ပေါက် ပါဝင်သည့် အတွက် Tablet ၏ သိုလှောင်နိုင်မှုကို ထပ်မံတိုးမြှင့်စေနိုင်မည်ဖြစ်သည်။ Universal remote အနေဖြင့်လည်း အသုံးပြုနိုင်မည်သည်။

အားနည်းချက်
တန်ဖိုးနှင့် စွမ်းဆောင်ရည်ပိုင်း သင့်တင့်မှုရှိသော်လည်း ကိုယ်ထည်အတွက် အသုံးပြုထားသည့် ပလပ်စတစ်သားသည် ထိတွေ့အသုံးပြုမှုတွင် တန်ဖိုးသက် သာမှုကို ဦးစားပေး တည်ဆောက်ထားသည်ဟု ခံစားရမည်ဖြစ်သည်။ မျက်နှာပြင်၏ resolution သည် ပုံမှန်လောက်သာ ရှိမည်ဖြစ်သည်။ သုံးသပ်ချက် စွမ်းဆောင်ရည်ပိုင်း သင့်တင်ကောင်းမွန်သော အလယ်အလတ်တန်းစား Tablet တစ်လုံးလို့ ဆိုရမည်ဖြစ်ပြီး တန်ဖိုးက ယခင်နှစ်က ထွက်ရှိခဲ့သည့် Galaxy Tab 3 ထက် ပိုမိုသက်သာသော်လည်း တခြား အလယ်အလတ် တန်းစား Tablet တစ်လုံးနှင့် နှိုင်းယှဉ်ပါက အနည်းငယ်များနေဦးမည်ဖြစ်သည်။ ပါးလွှာပြီး Tablet အသုံးပြုမှု မြန်ဆန် ကောင်းမွန်သည့်အပြင် တခြားလုပ်ဆောင်ချက်ဆော့ဖ်ဝဲများ များစွာထောက်ပံ့ပါဝင်သော Tablet တစ်လုံးဖြစ်သည်။

တန်ဖိုး

၂၉၇,၀၀၀ ကျပ်

ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ

Jaymart ဖုန်း-၀၉ ၄၂၁၀၃၄၀၃၀

Internet Journal

0 comments:

Post a Comment