ယူကရိန်းအရှေ့ပိုင်း အပစ်အခတ်ရပ်ရန်မျှော်လင့်ချက်မြင့်တက်


ယူကရိန်းအရှေ့ပိုင်း၌ တိုက် ခိုက်မှုအဆုံးသတ်ရန် ရုရှားနှင့် အတူ သဘောတူညီချက်ရနိုင်သည့် အကောင်းမြင်ဝါဒအပေါ် ယူကရိန်း သမ္မတ ပီထရိုပိုရိုချင်ကိုက ထုတ် ဖော်ပြောကြားလိုက်သည်။

ယူကရိန်း၊ ရုရှားနှင့် ရုရှား လိုလားသူ ခွဲထွက်ရေးသမားများသည် ဘီလာရုစ်၌ အပစ်အခတ်ရပ်စဲ ရေးအတွက် ဆွေးနွေးကြလိမ့်မည် ဟုဆိုသည်။

ဘီလာရုစ်နိုင်ငံ မြို့တော် မင့်(ခ်)၌ ဆွေးနွေးပွဲမအောင်မြင်ခဲ့သည် ရှိသော် ယူကရိန်းအရေးနှင့် ပတ် သက်ပြီးရုရှားအား အရေးယူပိတ်ဆို့ မှုများပြုလုပ်ရန် အနောက်နိုင်ငံများ က ပြင်ဆင်လျက်ရှိသည်။
အဆိုပါ အနောက်နိုင်ငံအုပ်စု ခေါင်းဆောင်များသည်ဝေးလ်ရှိ နယူး ပို့တ်၌ကျင်းပသော နေတိုးထိပ်သီး အစည်းအဝေး ဒုတိယမြောက်နေ့ အဖြစ် တက်ရောက်လျက်ရှိသည်။

ငါးလကြာပဋိပက္ခအတွင်း လူ ပေါင်း ၂၆ဝဝ ကျော်သေဆုံးခဲ့ပြီ ဖြစ်သည်။ ခေါင်းဆောင်များသည် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အစ္စလာမ္မစ်နိုင်ငံ(အိုင်အက်စ်) တို့၏ ခြိမ်းခြောက်မှု ကြီးထွားလာခြင်းကို လည်း ဆွေးနွေးကြလိမ့်မည်ဟု ဆို သည်။

ဘီလာရုစ် ထိပ်သီးအစည်း အဝေး၌ သဘောတူညီချက်တစ်ရပ် ရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ယူကရိန်းသမ္မတကမူ ယင်းတို့ နိုင်ငံအနေဖြင့် တန်ဖိုးအမြင့်ဆုံးပေး ဆပ်နေရပြီဖြစ်ကြောင်း၊ အစိုးရ တပ်ဖွဲ့ဝင်များရော အပြစ်မဲ့ပြည်သူ များပါ သေဆုံးနေရကြောင်း၊ ယူ ကရိန်းသမ္မတ တစ်ဦးအနေဖြင့် ပဋိ ပက္ခများ ချုပ်ငြိမ်းသွားအောင် အကောင်းဆုံးလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

(ဘီဘီစီ)

0 comments:

Post a Comment