ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးအဖွဲ့များ အပစ်အခတ်ရပ်စဲ

ယူကရိန်းတပ်ဖွဲ့ဝင်အချို့
ယူကရိန်းအစိုးရနဲ့ ယူကရိန်းခွဲထွက်ရေးတွေကြား အပစ်အခတ်ရပ်စဲရေး စက်တင်ဘာလ ၅ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဥရောပစောင့်ကြည့်ရေး (OSCE) ကိုယ်စားလှယ်တွေနဲ့ ယူကရိန်းခွဲထွက်ရေးကိုယ်စားလှယ်တွေ ဘယ်လာရုဒ်နိုင်ငံ၊ မင့်စ်မြို့တော်မှာ ဆွေးနွေးခဲ့ကြပြီး ယူကရိန်းစံတော်ချိန် ၁၈ နာရီမှာ အပစ်အခတ်ရပ်စဲရေးစတင်တယ်လို့ ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့ဝင်အချို့ဥရောပစောင့်ကြည့်ရေးကိုယ်စားလှယ် ဟိုင်ဒီ တာဂလီအဗီနီ က အချက် ၁၂ ချက်ပါ သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဓိကအချက်ကတော့ ချက်ချင်းအပစ်အခတ်ရပ်စဲ ရေး ဖြစ်တယ်လို့ ပြောဆိုပါတယ်။

လူဟန့်စ်ပြည်နယ် ခွဲထွက်ရေးခေါင်းဆောင် အီဂေါ ပလတ်နတ်စကီး က အပစ်အခတ်ရပ်စဲရေး သဘောတူ ခဲ့ပေမယ့် မူလရည်မှန်းချက်ဖြစ်တဲ့ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးကတော့ ဆက်ရှိနေမှာဖြစ်တယ်လို့ပြောဆိုပါတယ်။

ဒေါ့ညက်ပြည်နယ်ခွဲထွက်ရေးခေါင်းဆောင် အလက်ဇန်းဒါ ဆက်ဂါချန်ကို ကလည်း အပြစ်မဲ့ပြည်သူတွေနဲ့ နှစ်ဖက်တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့ဝင်တွေရဲ့အသက်ပေါင်းများစွာကို ကယ်တင်ဖို့ အပစ်အခတ်ရပ်စဲခဲ့တာလို့ ပြောဆိုပါတယ်။

သဘောတူခဲ့တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပေမယ့် လူသားချင်းအကူအညီတွေ ၀င်ရောက်ရေး၊ နှစ်ဖက်စစ်သုံ့ပန်းတွေ ဖလှယ်ရေးနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးတွေပါဝင်တယ်လို့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ရုရှားသမ္မတပူတင်က သူ့ရဲ့ အချက် ၇ ချက်ပါ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ယူကရိန်းသမ္မတ က ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီတယ်လို့ ပြောဆိုပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့က နှစ်ဖက်ကိုယ်စားလှယ်တွေ အပစ်အခတ်ချက်ချင်းရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် အောက်ခြေတပ်တွေကတော့ ဆက်လက်ပစ်ခတ်နေကြောင်း သိရပါတယ်။
By ဒီဗွီဘီ

0 comments:

Post a Comment