ဂူဂဲလ်၏ ၀က်ဘ်ဆိုက်များကို ပိတ်ဆို့ထားမှုဖြင့် တရုတ်နိုင်ငံပိုင် ဆက်သွယ်ရေး ဌာနအား နိုင်ငံသားတစ်ဦး တရားစွဲဆို


အမေရိကန် ရှာဖွေရေး ဆိုက်ဒ် တစ်ခု ဖြစ်သည့် ဂူဂဲလ်ကို အသုံးပြုလို့ မရအောင် ပိတ်ဆို့ထားမှုဖြင့် တရုတ် နိုင်ငံပိုင် ဆက်သွယ်ရေး ဌာနအား နိုင်ငံသား တစ်ဦးသည် တရားစွဲ ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ် အာဏာပိုင်များသည် အင်တာနက် အသုံးပြုမှု နှင့် ပတ်သက်ပြီး ကန့်သတ် ပိတ်ပင်မှု များစွာကို ပြုလုပ်ထားပြီး ပြည်တွင်းရှိ သတင်းများကို တည်းဖြတ် ပြင်ဆင်နေကာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ နှင့် ယူကျုကဲ့သို့ နိုင်ငံခြား ၀က်ဘ်ဆိုက် များကိုလည်း ပိတ်ပင် ထားခဲ့သည်။ ဂူဂဲလ် ကုမ္ပဏီသည် တရုတ် အာဏာပိုင်များ နှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ၎င်း၏ ဆာဗာကို တရုတ်နိုင်ငံမှ ဟောင်ကောင် သို့ ပြောင်းရွှေ့ ထားရှိခဲ့သည်။ တီယန်မင် ရင်ပြင် အရေးအခင်း (၂၅) နှစ် ပြည့်သည့် ဇွန်လ (၄) ရက်နေ့ မတိုင်မီ အချိန်မှစပြီး တရုတ်နိုင်ငံတွင် ဂူဂဲလ်၏ ၀န်ဆောင်မှု အားလုံးကို အာဏာပိုင်များက ပိတ်ပင် ထားခဲ့သည်။

တရုတ်နိုင်ငံသား ၀မ်လွန်သည် ဂူဂဲလ်ဆိုက်ကို အသုံးပြုလို့ မရသည့် အတွက်ကြောင့် တရုတ် ဆက်သွယ်ရေး ဌာနကို ရှန်ကျန်း ခရိုင်ဖူရှန်း မြို့ရှိ ပြည်သူ့ တရားရုံးမှ တစ်ဆင့် တရားစွဲ ဆိုခဲ့သည်။ တရားရုံးသည် ကြာသပတေးနေ့ မှ စပြီး ကြားနာ စစ်ဆေးမှုများကို စတင်ခဲ့ကြောင်း သိရသည်။

တရားရုံးသည် စီရင်ချက်ကို အောက်တိုဘာလ မတိုင်မီတွင် ချမှတ်ဖွယ် ရှိနေကြောင်း တရုတ်နိုင်ငံပိုင် ဂလို ဘယ်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

Source:AFP
Messenger

0 comments:

Post a Comment